Tuesday, March 8, 2016

မွဲအောင်ပြာပုံတိုးခိုင်းသော သူခိုးများ

Tin Nyunt

အွန်လိုင်းကနေ ချက်တင်း (chatting) လုပ်ခွင့်ပြုပြီး အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခွင့်ကို လမ်းဖွင့် ပေးလိုက်တာဟာ Critical Reading ကို တိုးမြင့်စေတယ်လို့ ပညာရေးဌာနက ယူဆပါသတဲ့။ မြန်မာပြည်မှာ တော့ မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံမှာ
စင်ကာပူနိုင်ငံက Ngee Ann အလယ်တန်းကျောင်းမှာ ကျောင်းသားတွေကို မသိရင် အွန်လိုင်းကနေ အချင်းချင်း ချက်တင်းလုပ်ကြဆိုပြီး ဆရာတွေက အားပေးအားမြှောက်လုပ်ပါတယ်။ မြန်မာနိုင်ငံမှာ အတန်းထဲ ကွန်ပျူတာမကိုင်နိုင်၊ ကျောင်းကို ဖုန်းတောင်ယူမလာရဆိုတာတွေနဲ့ ဘယ်လောက် ကွာဟသွားပြီဆိုတာ ဆင်ခြင်နိုင်ကြဖို့ဖြစ်ပါတယ်။

Tampines ကျောင်းမှာလည်း ကျောင်းစာတွေကို အွန်လိုင်းပေါ်တက်ဖတ်နိုင်အောင် စီစဉ်ပေးထားတယ်။ ရည်ရွယ်ချက်ကတော့ Critical Reading ဖြစ်လာအောင်ပဲ။
အဓိကကျတဲ့ ကျောင်းသုံး ပြဋ္ဌာန်းချက်တွေ အားလုံးကို ဒစ်ဂျစ်တယ်စနစ်တွေနဲ့ ကွန်ပျူတာတွေ၊ မိုဘိုင်းလ်ဖုန်း တွေပေါ်မှာ download ယူပြီး ဖတ်နိုင်အောင် လုပ်ပေးလိုက်တာဟာ လွယ်အိတ်ကြီးထဲကို စာအုပ်တွေ အများကြီးထည့်ပြီး ခါးကုန်းလောက်အောင် လွယ်လာရတဲ့စနစ်ကို ပျောက်အောင်လုပ်နေတာပဲ။
ကျောင်းလာတာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်မနေအောင်ကို စီစဉ်ပေးနိုင်ရမယ်။ မြန်မာနိုင်ငံမှာကတော့ ကျောပိုးအိတ်၊ ဆွဲခြင်းအပြင် အိမ်ကတောင် နောက်ထပ် တစ်နိုင်တစ်ဆွဲနဲ့ လိုက်ပို့နေကြရတဲ့ဘဝက မလွတ်သေးဘူး။
မြန်မာကျောင်းသားတွေကို ကြည့်စမ်းပါ။ ကျောင်းတွေကို တစ်ယောက်တည်း လာနိုင်တဲ့ အနေအထားတွေ တောင် မရှိတော့ဘူး။ ကျောင်းလာရင် လိုက်ပို့တဲ့နောက်တစ်ယောက်ပါနေတာကိုက ကျောင်းသားတွေရဲ့ ကိုယ်ပိုင် အဆုံးအဖြတ်၊ ကြံဆမှု၊ ဖောက်ထွက်နိုင်စွမ်းတွေကို လျှော့နည်းစေတာပဲ။
ပညာရေးအကြောင်းတွေးလိုက်ရင် အများကြီး လိုက်ရဦးမယ်။ နိုင်ငံကို ခေတ်မီအောင် လုပ်တာက တစ်ပိုင်း၊ ပညာရေးမှာ ခေတ်မီအောင် ကြိုးပမ်းခိုင်းနေတာကတစ်ပိုင်း အားလုံး သိုင်းဝိုင်းပြီးတော့ လုပ်နေကြတယ်။ ပညာရေးကို ထိပ်ရောက်အောင် အမြန်ဆုံးတွန်းပို့နိုင်တာ နည်းပညာနဲ့ ကွန်ပျူတာပဲဗျ။ ကမ္ဘာ့ထိပ်တန်း အကောင်းဆုံး ပညာရေးစနစ်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကိုကြည့်လိုက် ကွန်ပျူတာ၊ တက်ဘလက် တစ်ယောက်တစ်လုံးလောက် ကိုင်သုံးနိုင်အောင်ကို လုပ်နေကြတာ။
အိမ်နီးချင်းထိုင်းနိုင်ငံတောင် OLPC (one laptop per child) ကနေ OTPC (one tablet per child) ကို ကူးပြောင်း ကိုင်နိုင်အောင် အစိုးရအစီအစဉ်ရော မိဘတွေ အစီအစဉ်နဲ့ပါကြိုးစားနေကြပြီ။
ကျွန်တော်တို့ မြန်မာ နိုင်ငံမှာကတော့ အနှစ် ၂၀၊ အနှစ် ၄၀၊ အနှစ် ၆၀ စီမံကိန်းတွေနဲ့ သူတို့ပဲ တစ်သက်လုံး အုပ်ချုပ်ရမယ် ထင်ပြီး ရေရှည်စီမံကိန်းတွေဆွဲကာ လုပ်လိုက်ကြတာ။ နောက်ဆုံး ပညာရေးအဆင့်က အိုးခြမ်းပဲ့ထဲက ထမင်းရည်ကို ကုန်းလျက်နေရတဲ့ အဆင့်ပဲရှိသေးတယ်လို့ သူတို့ဝန်ကြီးတွေပဲ မှတ်ချက်ပေးသွားတာ ရင်နာစရာပေါ့။
သည်မိုး .. သည်လေ .. သည်သူခိုးတွေနဲ့ တိုင်းပြည်ကစုတ်ပြတ် .. ပညာရေးက ကျောင်းသားတစ်ယောက် ဖုန်း တစ်လုံး OMPC (one mobile per child) တောင်မဖြစ်သေးတာ ရင်နာသဗျာ။ အာဖရိကမှာတောင် OMPC နဲ့ စာတွေ သင်နေကြပြီတဲ့ဗျ။
၈.၃.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...