Friday, March 11, 2016

သင့်ရဲ့နဂိုစိတ်ရင်းဘယ်မှာလဲ?

နည်းစနစ်ကျကျအတွေးအခေါ်

တခါတုံးက လယ်သမားမိသားစု
လူ့လောကမှာပျော်ရွှင်စွာ နေထိုင်နေကြတာကို မကောင်းဆိုးဝါးကြီး က တွေ့တော့
"ဒီလူတွေကို နှောက်ယှက်ရမယ်။ ငါ့ ကိုမေ့နေကြတယ်။ " ဆိုပြီး
မကောင်းဆိုးဝါးလေးတစ်ကောင် ဖန်ဆင်းပြီး လယ်သမားတစ်ဦးကို အကျင့် ပျက်အောင်လုပ်ခိုင်းစေခဲ့တယ်။

လယ်သမားက သူ့ လယ်သူထွန်ရင်း သူ့ဘ၀ကို သူကျေနပ်တင်းတိမ်နေခဲ့တယ်။မကောင်းဆိုးဝါးလေးက ထိုလယ်မြေတွေကို မာကြောအောင် ပြုလုပ်လိုက်တယ်။
လယ်သမားက ခဏနားလိုက် ဆက်ထွန်လိုက်နဲ့ ငြီးငြူသံ ကို လုံးဝမကြားရဘဲလက်လျော့ပြီး ပြန်သွားရှာတယ်။
မကောင်းဆိုးဝါးနောက်တစ်ယောက်ကို စေလွတ်ပြန်တယ်။ ဒါနဲ့ သူဟာ လယ်သမားရဲ့ပိုင်ဆိုင်မှုတွေကိုယမယ်ဆိုပြီး ထမင်းဘူး နဲ့ ရေဘူး ကိုယူလိုက်တယ်။
ထမင်းဘူးတွေမရှိတော့တာကို သိတော့ "အော် ငါ့ထက်ဆာနေမဲ့သူ ရှိနေရင် ယူပါစေ။
သူဗိုက်ဝရင် ရပါပြီ" ဆိုပြီး လယ်ကိုဆက်ထွန်နေရှာတယ်။ ဒုတိယ
မကောင်းဆိုးဝါးလည်း မအောင်မြင်ပဲ ပြန်လာရရှာတယ်။
တတိယ မကောင်းဆိုးဝါးကို စေလွတ်ပြန်တယ်။ သူကတော့ လယ်သမားနဲ့
အရင်မိတ်ဆွေဖွဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးက အနာဂါတ်ကို မြင်နိုင်တော့လာမည့်နှစ်မှာ ဆန်ရေစပါးရှားပါးမှုဖြစ်မယ် ဆိုပြီး လယ်သမားကိုပြောတယ်။
ဒီလိုနဲ့ မကောင်းဆိုးဝါး ဆီက အကြံတွေရယူပြီး လယ်သမားဟာ မကြာမီမှာပဲ
သူဌေးဖြစ်လာခဲ့တယ်။လယ်ယာတွေမထွန်ယက်တော့ဘဲ မကောင်းဆိုးဝါးရဲ့ အကြံပေးတဲ့အတိုင်းအရက်အရောင်းတွေ စတင်လုပ်ကိုင်လာပြီး ချမ်းသာထက်ချမ်းသာလာခဲ့တယ်။
တတိယ မကောင်းဆိုးဝါးဟာ သူ လယ်သမားရဲ့အကျင့်တွေကို ပျက်အောင်လုပ်နိုင်ပြီဖြစ်ကြောင်း မကောင်းဆိုးဝါးကြီး ထံလာပြောတယ်။ တနေ့ လယ်သမားသူဌေးရဲ့စားပွဲမှာအခြွေအရံတွေ အရသာရှိတဲ့စားစရာတွေနဲ့ အကောင်းစားအရက် တွေနဲ့ပေါ့။အဲဒီချိန်မှာ အစေခံတစ်ဦးက အရက်ပုလင်းယူလာနေချိန်မှာ ခြေချော်ပြီးသူဌေးပေါ်ကို မှောက်ကျကုန်တယ်။
သူဌေးက "ဒါလေးလုပ်တာကို ဂရုကိုမစိုက်ဘူး" ဆိုတော့ အစေခံက "သူဌေး၊
မနက်ကတည်းကလုပ်နေတာ အရမ်းကို ဗိုက်ဆာလှပါပြီ" လို့ပြောတော့
"အလုပ်မပြီးရင် မစားရဘူး" လို့အော်လိုက်ပါတယ်။
မကောင်းဆိုးဝါးကြီးက ဒါကိုမြင်တော့ တတိယမကောင်ဆိုးဝါး ကို "မင်းဘယ်လိုအကျင်ပျက်အောင်လုပ်နိုင်တာလဲ"
လို့ဆိုတော့ "လယ်သမားလိုတာထက်ပိုပေးလိုက်တာ
ပါ၊ ဒီလိုနဲ့သူ့ရဲ့လောဘစိတ်တွေတက်လာတာပါ" လို့ပြန်ပြောလိုက်တယ်။
ပုံပြင်လေးထဲ ကလိုပါဘဲ .......လူတွေ က ပုံစံအမျိုးမျိုးနဲ
ရှိနိုင်ပါတယ်...တသမတ်တည်းတော့ မနေနိုင်ကြပါဘူး......ဒါကိုဆင်ခြင်တွေးတတ်ဖိုဘဲလိုပါတယ်........
စိတ်ပြောင်းရင် ပုံစံပြောင်းမယ်။
ပုံစံပြောင်းရင် အကျင့်ပြောင်းမယ်။
အကျင့်ပြောင်းရင် စရိုက်ပြောင်းမယ်။
စရိုက်ပြောင်းရင် ဘ၀ပြောင်းမယ်။
credit to ရွှေအိမ်စည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...