Thursday, March 24, 2016

ကြွေး တက္ကသိုလ်လှမောင်(ရေတာရှည်)

အပ္ပမာဒဓမ္မရသမဂ္ဂဇင်း

လောကကြီးကိုကြည့်ရင် တလှုပ်လှုပ်နဲ့ ကြွေးတွေဆပ်နေတာ ကိုပဲ မြင်နေမိတယ်၊ လူတွေကိုကြည့်၊ ကြွေးကင်းတဲ့သူရယ်လို့ မရှိဘူး။ တလှုပ်လှုပ်နဲ့ ကြွေးဆပ်နေကြတယ်။ ကြွေးဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကြီးတွေ ပိနေကြတယ်။
အကြွေးဆိုတာ (၁) ဥစ္စာကြွေး၊ (၂) ရန်ကြွေး၊ (၃) ချစ်ကြွေး၊ (၄) နှုတ်ကြွေး၊ (၅) ၀ဋ်ကြွေးရယ်လို့ အကြွေးငါးပါး ရှိတယ် မဟုတ်လား။ လောကကြွေးဆိုတာကတော့ ဘယ် တော့မှလည်း ဆပ်လို့မကျေနိုင်ဘူး။ ကြွေးတွေဆင့်ကာဆင့်ကာသာ တင် နေတော့တာပဲ။

ဘာပြုလို့လဲဆိုတော့ လူတွေဟာ ကြွေးတင်တဲ့လုပ်ငန်းတွေ ပဲ လုပ်နေကြလို့ပေါ့။ ကြွေးတွေပဲ ထပ်ကာယူနေကြတယ်။ ကြွေးတင် ရင် ရှင်ဘုရင်ဆပ်လိမ့်မယ်ဆိုတဲ့ ဆိုရိုးစကားနဲ့ယူနေကြတယ်။ ကိုယ်က ပေးလိုက် သူကယူလိုက်၊ သူကပေး လိုက် ကိုယ်ကယူလိုက်နဲ့ အကြွေး သံသရာကြီးထဲမှာ လည်ပတ်နေကြ တယ်။
ကေဒါရဇာတ်ဆိုတာ ကေဒါရ ကျေးမင်းအကြောင်း ဟောထားတာ။ လယ်ထဲက စပါးနှံတွေကို လာချီလို့ လယ်သမားက ဖမ်းမိတော့ ကြွေး ဟောင်းလည်း ဆပ်ရပါတယ်၊ ကြွေး သစ်လည်း ချရပါတယ်ဆိုတဲ့ ဥပမာ နဲ့ မိဘနှစ်ပါးကိုလည်း ကျွေးတုံ့ကျွေး လှည့် ရှာကျွေးရပါတယ်၊ သားသမီး များကိုလည်း ရှာဖွေကျွေးရပါတယ် လို့ တရားဟောတာ။ ဒီဇာတ်တော် က မာတာပိတုဥပဋ္ဌာနံ ပုတ်္တဒါရဿ သင်္ဂဟောဆိုတဲ့ နှစ်ပိုဒ်စလုံးငုံမိတဲ့ ဇာတ်ပါပဲ။
မိဘတွေကို ကျွေးမွေးပြုစု တယ်၊ မိဘတွေကို ပေးဆပ်နေရတာ ပါပဲ။ မိဘနဲ့သားသမီးဆိုတာ အပြန် အလှန်သဘောတွေနဲ့ ပေးနေယူနေ ကြတာပဲ။ မိဘကပေးတယ်၊ သား သမီးကယူတယ်၊ သားသမီးက ပေးတယ် မိဘကယူတယ်၊ ပေးတဲ့လူက ပေး ယူတဲ့လူကယူ၊ ဘ၀သံသရာမှာလည်း ဒီလိုပါပဲ။ သံသရာဆိုတာ အပေးအယူတွေနဲ့ လည်နေပါတယ်။ အကြွေးသံသရာကြီးလို့ဆိုသော် ဆို ကောင်းပါတယ်။
လူဖြစ်လာတယ်၊ ကြွေးဆပ်ဖို့ ဖြစ်လာရတယ်။ ဘယ်သူ့ကိုဆပ်ရမှာ လဲ၊ တစ်လောကလုံးကို ဆပ်ရမှာပဲ။ တစ်လောကလုံးက ကိုယ့်ရဲ့ကြွေးရှင် ကြီး၊ မြင်မြင်လေရာ ကိုယ့်ကြွေးရှင် ချည်းပဲ။ သစ်ပင်လေးတစ်ပင်ကအစ ကြွေးရှိရင် ဆပ်ရမှာပဲ။ သူ့အရိပ် ကလေးကို ခိုနားလိုက်ရတယ်။ သူ့ ကျေးဇူးကိုယ့်အပေါ် တင်သွားပြီ။ သူ က ကြွေးပေးတဲ့ ကြွေးရှင်ဖြစ်သွား ပြီ။ ကြွေးရှိရင် ဆပ်ရတော့မယ်။ သူ့ ကျေးဇူး ကိုယ့်အပေါ် တင်သွားပြီ။ သူကကြွေးပေးတဲ့ ကြွေးရှင်ဖြစ်သွား ပြီ။ ကြွေးရှိရင် ဆပ်ရတော့မယ်။ သူ့ ကျေးဇူးကို သိရတော့မယ်။ ဘယ်လို ကျေးဇူးဆပ်မလဲ။ အရိပ်နေနေ အခက်ချိုးချိုးမလုပ်နှင့်၊ သူ့အခက် အလက်ကလေးတွေကို မချိုးပါနှင့်။ သူ ရှင်သန်ရေးအတွက် သူ့ကို ကာကွယ်စောင့်ရှောက်ပါ။ သူ့ကို စမ်းလမ်းစိုပြည်စည်ကား ဖွံ့ဖြိုး အောင်လုပ်ပေးရမယ်။ ခိုနားရာရှာ သတ္တ၀ါတို့ကို သူအရိပ်မိုးပေးနိုင်အောင် လုပ်ပေးရမယ်။
သက်မဲ့အရာဝတ်္ထုတစ်ခုအပေါ် မှာတောင် ဒီလိုသဘောမျိုး၊ ဒီလို အမြင်မျိုးထားရမယ်ဆို သက်ရှိ သတ္တ၀ါတွေအပေါ်မှာတော့ ပြောမနေ ပါနဲ့တော့။ သတ္တ၀ါတွေအားလုံးကို အကြွေးတွေလို့ပဲမြင်ပါ၊ ကံတွေပြုနေ ခြင်းသည် ကြွေးတွေယူနေခြင်း ဖြစ် ၏။ ကိုယ်ပြုတဲ့ကံအတိုင်း ကိုယ့်မှာ လာခံရတာပါပဲ၊ ကံတွေ ပြုတာများ လေ ကြွေးတွေများလေ၊ ဥစ္စာစ္စည်း ဆိုတာလည်း ကြွေးတွေပါပဲ။ စည်းစိမ်ဥစ္စာတွေ ခမ်းနားများပြားလေ ကြွေးတွေပတ်လည်ဝိုင်းနေလေ။
စက္ခုပါလမထေရ်ဟာ လောက ကြီးကို ဆင်ခြင်မိပါတယ်။ လောက စည်းစိမ်ဟူသည် ကြွေးယူ၍ ရ,ထား သော ဥစ်္စာများသာ ဖြစ်၏။ ဥစ်္စာ စည်းစိမ်များလေလေ ကြွေးပတ်လည် ၀ိုင်းလေလေ ဖြစ်၏။ ယင်းကြွေး များကို ၀ိပါကကြွေး၊ ကမ်္မကြွေး၊ ကိလေသာကြွေးဟူ၍ခေါ်ကြောင်း မဟာပါလဟာ ဇေတ၀န်ကျောင်း တော်၌ တရားတော်ကို နာယူရာမှ သဘောပေါက်လာတယ်။ အမှန်အား ဖြင့် ဘ၀ဟူသည် “ကြွေး” ပါတကား။
သို့ရာတွင် ညီငယ်စူဠပါလ သည် သူကဲ့သို့မဟုတ်၊ ဘ၀၌ သာယာဖွယ်ကိုသာမြင်တယ်။ ဘ၀၌ ငြီးငွေ့ဖွယ်ကိုမမြင်၊ ဘ၀ကိုမြတ်နိုး စရာပန်းတိုင်အဖြစ်သာမြင်တယ်။ ဘ၀ကိုအသုံးပြုစရာ တန်ဆာပလာ အဖြစ်မမြင်။ ဘ၀ကို ကိုယ်ပိုင်အဖြစ် သာမြင်တယ်။ ဘ၀ကိုကြွေးအဖြစ် မမြင်။ အမှန်အားဖြင့် စူဠပါလသည် ခံစားမှုချမ်းသာ “ဝေဒယိတသုခ”ကို သာ နားလည်ပြီး ငြိမ်းချမ်းမှုချမ်းသာ “သန်္တိသုခ”ကို နားမလည်သဖြင့် ယခု ကဲ့သို့ အပြစ်တင်ခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုချမ်းသာသည်သာ ချမ်းသာစစ်ဖြစ်ပြီး ခံစားမှုချမ်းသာ ဟာ ဒုက္ခ၏အသွင်တစ်မျိုး ဖြစ်ပါ တယ်။
စက္ခုပါလမထေရ် ရဟန္တာကြီးဘ၀မှာ မမြင်မစမ်းနဲ့ မျက်မမြင် အကန်းဘ၀ ဖြစ်နေရတယ်၊ ဘ၀ တစ်ခုမှာ သူပြုခဲ့တဲ့ကံအတွက် သူခံ ရတာပဲ၊ သူကဆေးဆရာ၊ မျက်စိ မမြင်ရတဲ့ အမျိုးသမီး လူနာ တစ်ယောက်ကို သူကုပေးလို့ ပျောက်ကင်းသွားတယ်။ ဒါပေမဲ့ အမျိုးသမီးက ဆေးကုခမပေးချင်တော့ မပျောက်ဘူး၊ မမြင်ရဘူး၊ ပိုတောင်ဆိုးသွား တယ်လို့ ပြောတယ်။ ဆေးဆရာက စိတ်ဆိုးဒေါသထွက်ပြီး အကန်းဆေးတွေ ခတ်ပေးလိုက်တော့ ကန်းသွားတယ်။ အဲဒီဝဋ်ကြွေးက စက္ခုပါလ မထေရ်ရဟန်္တာကြီးဘ၀ထိအောင် လာခံရတယ်။
ကံကြွေးတွေလုပ်တော့ ၀ိပါက ကြွေးတွေတင်တယ်၊ ကံကြွေးတွေ လုပ်တယ်ဆိုတာ ကိလေသာတွေ သောသောထနေတာပါ။ ကိလေသာ နဲ့ကံက တွဲလျက်ယှဉ်လျက် စပ်လျက်၊ ကိလေသာမရှိရင် ကံမရှိပါဘူး။ ကံ မရှိတော့ရင်လည်း ကိလေသာ မရှိ တော့ပါဘူး။ ကံ ကိလေသာတို့ မရှိ တော့ဘူးဆိုမှတော့ ၀ိပါက၀ဋ်ကြွေး တွေလည်း ဘယ်မှာပေါ်တော့မှာလဲ။
ဝဋ်ကြွေးတွေလည်း လည်နေ တယ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်၊ ကိလေသ၀ဋ် ဒီ(၃)မျိုးက ပဋိစ္စသမုပ္ပါဒ်ကို လှည့်နေတယ်၊ အ၀ိဇ်္ဇာ သင်္ခါရက ကမ်္မ၀ဋ်၊ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာက ၀ိပါက၀ဋ်၊ တဏှာ ဥပါဒါန်၊ ကမ်္မ ဘ၀၊ ဇရာမရဏက ကိလေသာဝဋ်၊ ဒီဝဋ်(၃)မျိုး လည်နေတယ်။
ဝဋ်မှာအမြဲ ငရဲအပတဲ့၊ ၀ဋ်က အမြဲခံနေရမှာပဲ။ ငရဲဆိုတာ ခံပြီးရင် ပြီးရော ကျွတ်လွတ်သွားနိုင်တယ်။ ၀ဋ်ကတော့ ဘ၀ရှိသရွေ့ ၀ဋ်က တွဲလျက်ယှဉ်လျက် လိုက်ပါနေတယ်။ ၀ဋ်ကြွေးဆိုတာ ဘယ်သူမှ မလွတ်ပါ ဘူး။ ရဟန္တာကြီးတွေလည်း မလွတ် ဘူး။ ဘုရားသော်မှ မလွတ်ဘူး။ ဘုရားလည်း ၀ဋ်တော်(၁၂)ပါးဆိုပြီး ခံနေရတယ်။
ရဟန္တာကြီးရှင်မဟာမောဂ်္ဂလာန် လည်း ဓားပြတွေရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရပြီး ပရိနိဗ်္ဗာန်ပြု သွားခဲ့ရတာပဲ။
ကြွေးဆိုတာရှိရင် မဆပ်မနေရ ဆပ်ကြရမှာပဲ။ မဆပ်လို့ မရဘူး။ မယူချင်လို့လည်း မရဘူး။ မပေးချင် လို့လည်း မရဘူး။ ဘာပြုလို့လဲဆို တော့ ဘ၀သံသရာဆိုတာကိုက အကြွေးသံသရာကြီးသာပါ။
လူတစ်ယောက်ကို သတ်လိုက် တယ်။ သူကြွေးယူလိုက်တာပဲ။ သူ အသတ်ပြန်ခံရတော့မယ်၊ သတ်တဲ့ ကြွေးယူတော့ အသတ်ခံရတဲ့ကြွေး ပြန်ရတယ်။ အသတ်ခံပြန်ဆပ်ရ မယ်။ သတ်တယ်ဆိုတဲ့ကြွေးက အပြန်အလှန်တွေဖြစ်ပြီး မရပ်တော့ ဘူး။ မဆုံးတော့ဘူး။ ကလဲ့စားပြန် ချေကြတယ်။ သတ်တဲ့ကြွေးတွေ မရပ်မနား ဖြစ်နေတော့တာပဲ။ သူက ငါ့ကိုသတ်လို့ ငါကသူ့ကို ပြန်သတ် တယ်။ တစ်ခါ သူက ငါ့ပြန်သတ်၊ ငါက သူ့ပြန်သတ်နဲ့ ဒီကြွေးသံသရာ ဘယ်လောက်ကြောက်စရာ ကောင်း ပါသလဲ။ အစပြုမိရင် ရပ်လို့မရတော့ ဘူး။ ရပ်ဖို့ရာအတော်ခဲယဉ်းသွားပြီ။
ကလေးကိုသတ်ပစ်တဲ့ ဇာတ် ရှိတယ်၊ ပထမမိန်းမက ကလေး မမွေးဘူး။ လင်က နောက်မိန်းမ ထပ်ယူတယ်။ နောက်မိန်းမက ကလေးမွေးတော့ အဲဒီကလေးကို ပထမမိန်းမက လုပ်ကြံသတ်ဖြတ်ပစ် တယ်။ ကလေးအမေက အငြိုး အတေးထားပြီး ကလဲ့စားချေရပါစေ ကြောင်း ဆုတောင်းတော့ နောက် ဘ၀ သူက ဘီလူးမဖြစ်တယ်။ မိန်းမ ကြီးဖြစ်သူကလည်း ဘ၀ပြောင်းပြီး နောက်ဘ၀ ကလေးမိခင်ဖြစ်တယ်။ ဘီလူးမက ကလဲ့စားချေသတ်ဖြတ် တယ်။ အပြန်အလှန် အငြိုးအတေး တွေ ကလဲ့စားတွေ မဆုံးတော့ဘူး။ မြတ်ဘုရားနဲ့တွေ့မှ ကျွတ်လွတ်သွား ကြတယ်။
ဒါကြောင့် ၀ဋ်ကြွေးတင်မခံကြ ပါနဲ့၊ ကြေးတွေမယူကြပါနဲ့။ အဆက် ဖြတ်ပစ်ကြပါတော့။ အခုတော့ ကြွေး တွေကို အလွယ်တကူ ယူနေကြ တယ်။ ကြွေးတင်ရင် ရှင်ဘုရင်ဆပ် လိမ့်မယ်ဆိုပြီး ယူကြတာပဲ။ ကြွေး ယူရတာ လွယ်ပါတယ်။ ကြွေးပြန် ဆပ်ရတာကျတော့ ခက်တယ်၊ ကြွေး ယူလိုက်တာနဲ့ အတိုးပေးရမယ်၊ ပြန် ဆပ်ရမယ်ဆိုတာ သိထားပါ။ ကြွေး တင်လိုက်တာနဲ့ စိတ်မချမ်းသာရ တော့ပါဘူး။
ဒီတော့ ကြွေးသံသရာကြီး အစကို ရှာလိုက်တော့ ဘ၀ဖြစ်ပေါ် လာမှုကြီးပါပဲ။ ဇာတိအစ ဘ၀တစ်ခါ မွေးလာပြီဆိုကတည်းက ကြွေး လုပ်ငန်းတွေ စတော့တာပဲ။ ဘ၀ခန်္ဓာ ရလာတာဟာ သံသရာလည်အောင် လုပ်နိုင်သလို သံသရာပြတ်အောင် လည်း လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနေပါတယ်။ ကြွေးသံသရာပြတ် အောင် ဘယ်လိုလုပ်မလဲ၊ ရှင်းပါတယ်၊ ကြွေးတွေထပ်မယူနဲ့ပေါ့။
တက်္ကသိုလ်လှမောင်
(ရေတာရှည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...