Wednesday, April 13, 2016

❝ သုမောင်ပြောသော ဂန္တဝင်အနုပညာ ❞ အပိုင်း - ၂

Music Crazy Te Te Tar Tar

 စစ်ကိုင်းတောင်... ဇေယျာ... ကမ်း... အလှ... ပန်းချီ
(အတီးပိုဒ်...)
ဒီလိုပဲ၊ ကျွန်တော့်ဘ၀မှာလည်း ရှိဖူးပါတယ်။
ဒီနေ့မင်္ဂလာဆောင်တွေနဲ့ ပတ်သက်လို့လည်း စကားမစပ်ပြောရရင် ဒီနေ့ ကျွန်တော့်သား ဖိုးသောကြာလည်း လိုက်ဆိုတယ်။ အကယ်ဒမီ ခြောက်ထပ်ကွမ်း ရန်အောင်လေးဆိုရင်လည်း တွေ့တိုင်း အစ်ကိုကြီး ကျွန်တော်ဆိုမယ်နော်၊ ကျွန်တော် ဆိုမယ်နော်နဲ့ ဒီမင်္ဂလာဆောင်တေးကို။ ရာဇာဝင်းတင့်လည်း တွေ့တိုင်း အစ်ကို ကျွန်တော်ဆိုပါရစေ။
တခြားမဟုတ်ပါဘူး၊ 'မင်္ဂလာဦးမှာ' ဆိုတဲ့သီချင်းပါ။ ဟိုလူတောင်း၊ ဒီလူတောင်းနဲ့၊ ဒီနေ့ တောရွာတွေမှာလည်း အော်လန်နဲ့ ဖွင့်ကြတုန်း၊ မင်္ဂလာဆောင်တွေရောက်ရင်လည်း ကျွန်တော့်ကို အဲဒီသီချင်းလေး ဂုဏ်ပြုပါဦးဆိုပြီး သီချင်းတောင်းနေကြတုန်း၊ အဲဒီ 'မင်္ဂလာဦးမှာ' သီချင်း၊ အဲဒါလည်း ကျွန်တော့်သီချင်း မဟုတ်ဘူးဗျ။ အဲဒါ ရုပ်ရှင်နောက်ခံတေးအဖြစ် ဇော်မင်းလေး ဆိုထားတာဗျ။ အဲဒါကိုပဲ စန္ဒရားကိုလှထွတ်က စာသားလေး နည်းနည်းပြောင်းပြီးတော့ ကျွန်တော့်ကို ဆိုခိုင်းတာ။ တစ်လုံး၊ နှစ်လုံးပြောင်းပြီး ဆိုခိုင်းလိုက်တာ သုမောင်သီချင်း ဖြစ်သွားရော။
အဲဒါ ကံတရား၊ ကံတရား ပြောတာပါ။ အဲဒါကြောင့် ကံတရားဟာလည်း အနုပညာလောကမှာ အလွန်အရေးကြီးတယ်လို့။ ကဲ ကဲ ပြောတာတွေများနေတော့ အဲဒီသီချင်းလေးလည်း ပြန် နားထောင်ကြည့်ပါဦး။
မင်္ဂလာဦးမှာ... အခါတော်ကျူးပါလို့... ရွှေဖူးစာ၊ ဂဟေစုံလာ... လက်ကိုတွဲကာ တစ်သက်ကို မခွဲပါ... ချစ်မ၀နိုင်ဘူး... ချစ်ဦးသက်လျာ... မောင်မယ်တူနှစ်ဖြာ အကြောင်းကံ ဆုံလာ... ချစ်ခရီး... အစမှာ...
(လပြည့်ဝန်း ရွှန်းလဲ့ကာ ခင့်မျက်နှာလေးပါ... နေရောင်ခြည်လိုဝင်းဝါ မောင့်မျက်နှာပါ... မြခြယ်စိန်မွှန်း တင့်လွန်းဝင့်ထွန်း ရွှန်းဝေဖြာ... မင်္ဂလာဦးမှသာ ရွှေရတု... စိန်ရတုတိုင်မှာ...)၂
မေတ္တာစုံတဲ့ပွဲ... လှိုက်လှဲ ၀မ်းသာ... ကောင်းချီးတွေပေးကာ... တေးကဗျာ... ကျွေးကာ... အယဉ်အလှဖူး... မင်္ဂလာဦးမှာ... ရွှင်ပျမြူးစွာ... မောင်မယ်တူနှစ်ဖြာ... ရွှေလက်တွဲ နှစ်ပေါင်းတစ်ရာ ရှည်ကြာ...။
ကဲ နောက်တစ်ပုဒ်၊ ဒီတစ်ပုဒ်ကတော့ ပိုပြီးအရေးကြီးလာပါတယ်။ သီချင်းကြီးပေါ့နော်၊ ကြိုးသီချင်း၊ စိန်ခြယ်ဖြာရောင်လင်း။ ဒီသီချင်းကတော့ ကံရော၊ ဥာဏ်ရော၊ ၀ီရိယရောပါတဲ့အပြင် ဒေါသပါ ပါတယ်ဗျာ။ ဒီဟာလေးတော့ သေသေချာချာလေး နားထောင်ပေးစေချင်တယ်။ စိန်ခြယ်ဖြာရောင်လင်းဆိုတဲ့ ကြိုးဆိုလို့ သိပ်ပြီးတော့လည်း အလေးကြီးမထင်နဲ့ဗျ။ ဒီလိုဗျ၊ တစ်ခါသားမှာ ကျွန်တော့်ဆီကို မြန်မာ့ရုပ်မြင်သံကြားကနေ အဆက်အသွယ် လုပ်တယ်။ သီချင်းကြီးတစ်ပုဒ် ရိုက်ချင်ပါတယ်၊ ကိုသုမောင် ကူညီပေးပါတဲ့။ အေးအေး ကောင်းပြီပေါ့၊ ရိုက်ပေးမယ်ပေါ့ဗျာ။ သီချင်းကြီးကိုတော့ ကိုသုမောင်ပဲ ရွေးပါတဲ့၊ ကြိုက်ရာ ရွေးပါတဲ့။
ကျွန်တော်က ကျွန်တော့်အဖေ ဦးသာဓု အလွန်ကြိုက်တဲ့ သူပျင်းလို့ရှိရင် ဒီအဘိုးကြီးက သူ့သွားကျိုးလေး လေထွက်ပြီးတော့ ညည်းတဲ့သီချင်း 'တိမ်နီတိမ်ပြာ မိလ္လာမြဆိုင်း ညို့ညို့ မှိုင်းတချို့... ၀ိုင်းလို့... တိမ်ပြာ' ဆိုတဲ့သီချင်း။
ကျွန်တော် ငယ်ငယ်တုန်းကဗျာ၊ လသားအရွယ်လေး မအိပ်လို့တဲ့ အဲဒီသီချင်းလေး ဆိုပြရတယ်တဲ့။ သူ့သွားကျိုးလေထွက်သံနဲ့ ညည်းနေရှာတဲ့ သီချင်း။ ကျွန်တော့်အမေက ပြောတယ်။
"ကိုဖေသန်းရယ်၊ ရှင့်မလဲ ဒီ ကလေး လသားလေး ဒီသီချင်းနဲ့ သိပ်ရသလား" တဲ့၊ ပြောတယ်။
ဒါ အမှတ်တရပါ၊ အဖေကြိုက်တဲ့သီချင်း၊ အဖေ ဦးသာဓုကြိုက်တဲ့သီချင်း၊ အဖေ မသေခင် အဖေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒါလေးကို ဆိုပေးမယ်ဆိုပြီး စီစဉ်လိုက်တယ်။ ဒီတော့ ကြိုးသီချင်းကို ကျွန်တော်က ရိုးရိုးဆိုင်းနဲ့ မဆိုချင်ဘူး။ ဆန်းသစ်ချင်တော့ ဆိုင်းဝိုင်းအပြင် ခေတ်ပေါ် စန္ဒရားနဲ့ပါ တွဲပြီး လုပ်ချင်တာ။ ဒီနေရာမှာ စကားမစပ် ပြောချင်သေးတယ်။
လူတွေက မြန်မာသံလို့ပြောရင် စန္ဒရားနဲ့မှ မြန်မာသံထင်ကြတာ။ စန္ဒရားက မြန်မာတူရိယာမဟုတ်ပါဘူး။ အနောက်တိုင်း စစ်စစ်ဗျ။ ကျွန်တော်က ဒီဘက်ကဆိုင်းနဲ့၊ ဟိုဘက်က စန္ဒရားနဲ့ အပြိုင်တွဲလုပ်ချင်တာ။ အဲဒီတုန်းက စန္ဒရားဘုရင်က ဘယ်သူလဲဆိုတော့ ဂီတလုလင်ဦးကိုကိုဗျ။ ဒီဘက်က ဆိုင်းဘုရင်က ဘယ်သူလဲဆိုတော့ စိန်ဗိုလ်တင့်၊ အဲဒီ နှစ်ယောက်နဲ့ယှဉ်ပြီးတော့ ကျွန်တော်က လုပ်ချင်တာ။
ကျွန်တော်က သိသိကြီးနဲ့ သွားပြောတယ်။ အရေးကြီးပြီနော်၊ ကျွန်တော်ပြောချင်တဲ့ ဒေါသ၊ ဂီတမှာ ဒေါသလည်း ပါသင့်တယ်ဆိုတာ ကျွန်တော် ပြောချင်တာပါ။ ပထမ ဂီတလုလင်ဦးကိုကိုဆီ သွားတယ်၊ ကျွန်တော်တို့က ချစ်စနိုးနဲ့ ကိုကိုလို့ခေါ်တယ်။
"ကိုကို၊ စိန်ခြယ်ဖြာရောင်လင်း လုပ်ချင်တယ်၊ တီးပေးပါ"
ဆိုတော့ -
"အေး... ကောင်းတယ်ကွ၊ ဒီသီချင်း ကောင်းတယ်ကွ၊ တီးပေးမယ်ကွ" တဲ့။
"တစ်ခုတော့ရှိတယ်ကိုကို၊ တစ်ပိုဒ်ကို ကိုကိုနဲ့ကျွန်တော် ဆိုတီးလုပ်မယ်၊ နောက်တစ်ပိုဒ်ကို အစ်ကိုတင့်နဲ့..."
"ဟေ့ကောင်၊ ဟေ့ကောင် အစ်ကိုတင့်ဆိုတာ ဘယ်သူလဲကွ"
"ရွာစားစိန်ဗိုလ်တင့်"
"ဟေ့ကောင် တော်ပြီကွာ၊ တော်ပြီကွာ၊ ဒီကောင့်အကြောင်း ငါ့လာမပြောနဲ့"
ဟား... သိတယ်၊ ကျွန်တော်ကသိတယ်၊ သိသိကြီးနဲ့ သွားတာ။ အဲဒီအချိန်တုန်းက သူတို့ နှစ်ယောက် ရန်ဖြစ်ထားတာ၊ ကျွန်တော်က သိသိကြီးနဲ့ သွားရန်တိုက်ပေးတာ။
ရန်တိုက်ပေးမှ၊ အပူနဲ့အအေးတိုက်ပေးမှ ဒေါသေပေါက်ကွဲတော့မှာကိုး။ ဒေါသပေါက်ကွဲတော့မှ ဒီသီချင်းက ဆူတော့မှာကိုး။ ဒီ သီချင်းကြီးက အအေးကြီးဗျ။ အေးပြီးသားကို ထပ်အေးနေရင် ဘယ်ကောင်းတော့မလဲ၊ ပူမှ ပွဲဆူမှ လူငယ်ကြိုက်မှာကိုးဗျ။ သီချင်းကြီးကို လူငယ်တွေကြိုက်အောင် ပွဲဆူအောင် ကျွန်တော်က လုပ်မှာကိုး။ ဥာဏ်ကူရတာပေါ့။ ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ ဒေါသပါအောင် လုပ်ရတာပေါ့။ ဆိုတော့ကာ ဒီနှစ်ယောက်ကို ကျွန်တော်က တိုက်ပေးတာ၊ ဥာဏ်ကူရတာပေါ့။ နောက်ဆုံးပိတ် ရှိခိုးဦးတင် ခြေထောက်ဖက်ပြီး -
"ကိုကို၊ ကျွန်တော့်မျက်နှာနဲ့ လုပ်ပါဗျာ"
လို့ ရှိခိုးဦးတင် တောင်းပန်ရတာပေါ့။
"အေးကွာ မင်းမျက်နှာကြောင့် လုပ်ပေးတာ၊ ဒီကောင့်ကြောင့်ဆိုရင် ငါမတီးဘူးကွ" တဲ့။
အခုတော့လည်း နှစ်ယောက်စလုံး သေသွားကြပြီဆိုတော့ ဒီစကား ပြောရဲတာပါ။ ဒီတော့ ဂီတလုလင်ဦးကိုကိုနဲ့ အဆင်ပြေသွားရော။
အဆင်ပြေသွားတော့ ကျွန်တော် စိန်ဗိုလ်တင့်ဆီ သွားတယ်။
"အစ်ကို၊ အစ်ကိုတင့်၊ ကျွန်တော် စိန်ခြယ်ဖြာရောင်လင်း ပြန်ဆိုမလို့။ တီဗွီရိုက်မှာ၊ အစ်ကို တီးပေးနော်"
ဆိုတော့ -
"အေး... ကောင်းတာပေါ့ကွ ဗလကြီးရ။ တီးပေးမှာပေါ့၊ ပထမပိုဒ်ရော ဒုတိယပိုဒ်ပါ တီးပေးမှာပေါ့။ ငါ အပီတီးမှာကွ" တဲ့။
"အစ်ကို ဒုတိယပိုဒ်ပဲ တီးပေးပါ"
"ပထမပိုဒ်က ဘယ်သူတီးမှာလဲ"
"ပထမပိုဒ်က ကိုကို တီးမှာ"
"ဘယ်က ကိုကိုလဲကွ"
"ကိုကိုလေ၊ ဂီတလုလင် မောင်ကိုကိုပေါ့"
"ဟေ... ဒီကောင်နဲ့ဆို ငါ မတီးဘူးကွ"
ဟဲဟဲ သိတယ်၊ ကျွန်တော်က သိတယ်၊ သူတို့နှစ်ယောက် မတည့်ဘူးဆိုတာ သိတယ်။ သူတို့နှစ်ယောက်က ခင်ကြပါတယ်။ သူတို့ နှစ်ယောက် ရန်ဖြစ်ထားတယ်ဆိုတာ သိတယ်။ ပြဿနာတစ်ခုကြောင့် ရန်ဖြစ်ထားကြတာ။ သူနဲ့ဆိုရင် မတီးဘူးတဲ့။
"မလုပ်ပါနဲ့ အစ်ကိုရာ၊ ကျွန်တော့်မျက်နှာနဲ့ တီးပေးပါ"
ခြေထောက်ဖက်ပြီး တောင်းပန်ရတာပေါ့။ နောက်ဆုံးတော့လည်း မင်းမျက်နှာနဲ့ တီးပေးပါမယ်ဆိုပြီး ရပါလေရော။ တီးမယ်ဆိုတော့ ရုပ်မြင်သံကြားမှာ အရုပ်တွေပါ ပါမှာနော်။ နှစ်ယောက်စလုံးပုံတွေပါမှာ။ ကဲ ကင်မရာနှစ်လုံးနဲ့ ရိုက်ဖို့ ကျွန်တော့်အစ်ကို မောင်ဝဏ္ဏကိုပါခေါ်လာပြီး ကင်မရာတွေချိန်၊ ချိန်ပြီးတော့ စိန်ခြယ်ဖြာရောင်လင်းကို ကျွန်တော်က အလယ်က မတ်တပ်ရပ်ဆိုပါတယ်။
သီချင်းကြီးဆိုတာ ထုံးစံ ထိုင်ဆိုရတာပါ။ ကျွန်တော်က လူကြီးကို တက်ပြောတယ်။ ကျွန်တော် မတ်တတ်ရပ်ဆိုပါရစေဆိုတော့ 'ဆိုစေဗျာ' ပေါ့ဗျာ၊ ကျွန်တော်လုပ်ချင်တာက ဒီဘက်ကတီးနေတဲ့အခါ အဲဒီဘက် လမ်းလျှောက်ချင်တယ်။ ဟိုဘက်ကတီးနေရင်လည်း ကျွန်တော် လမ်းလျှောက်သွားတယ်။ သီချင်းကြီး အေးနေတာကို လှုပ်ချင်တာ။ ဒေါသ သင့်ချင်လို့။ ဒီတော့ ကျွန်တော်စီစဉ်တဲ့အတိုင်းဖြစ်တယ်။ ကင်မရာတွေက လှုပ်တယ်၊ ကျွန်တော် စီစဉ်တဲ့အတိုင်း ဘာဖြစ်လာသလဲဆိုတော့ ဒေါသ။ နှစ်ယောက်ပြိုင်ကြတာ။
စန္ဒရားလက်သံကလည်း လိုအပ်တာထက် ပိုကြမ်းတယ်။ တီးနေတဲ့အချိန်မှာ ဂီတလုလင်ဦးကိုကိုဟာ လက်ကွက်ကို မကြည့်တော့ဘဲ ဦးကိုကိုမျက်စောင်းက စိန်ဗိုလ်တင့်ကို ထိုးတယ်။ စိန်ဗိုလ်တင့်ဟာလည်း တီးနေတဲ့အချိန်မှာ ပတ်လုံးကို မကြည့်တော့ဘဲ ဦးကိုကိုကိုကြည့်ပြီး မျက်စောင်းထိုးတယ်။ လက်သံကလည်း ပြောင်သလားမမေးနဲ့၊ ဟိုက စန္ဒရားလက်သံကလည်း တူထုသလို ဆော်တော့တာ။
ဒီနေရာမှာ အရေးကြီးတာက ကျွန်တော် ပြောချင်တာက ဆရာစိန်ဗိုလ်တင့်တို့၊ ဆရာ ဦးကိုကိုတို့ဆိုတာက သူတို့ဂီတနယ်မှာတော့ ဘုရင်တစ်ဆူစီပါပဲ။ သို့သော် သူတို့တွေဟာ လူသားတွေပါ။ အဲဒီတော့ တစ်ခါတလေ ၀မ်းနည်းမယ်၊ တစ်ခါတလေ ၀မ်းသာမယ်၊ တစ်ခါတလေ ဒေါသဖြစ် ပေါက်ကွဲမှာပဲလေ။ အဲသလို လူသားဆန်ဆန် သူတို့ဘာသာ သူတို့ ပေါက်ကွဲနေတဲ့အချိန်မှာ ကျွန်တော်က အကူအညီသွားတောင်းမိတာ၊ တိုက်ဆိုင်မှုဖြစ်တာ ဆိုတော့ ဒီတီးကြမှုတ်ကြတဲ့အခါမှာ သူတို့ရဲ့ အပြင်ပန်း ဗဟိဒ္ဓသဏ္ဌာန်မှာက နည်းနည်းဒေါသစိတ် ပါဝင်မှာဖြစ်ပေမယ့်လို့၊ သူတို့ရဲ့ အတွင်းသန္တာန်ဖြစ်တဲ့ အနုပညာတို့၊ နှလုံးသားထဲမှာကျတော့ တစ်ယောက်နဲ့တစ်ယောက် ဖက်လဲတကင်း ချစ်နေကြတာဗျ။ အနုပညာစိတ်နဲ့ မသိစိတ်က ချစ်နေကြတာပေါ့။ ဆန့်ကျင်ဘက်တွေ လှလှပပ ပေါင်းစည်းမိတာပေါ့။ Harmony with contract ပေါ့လေ။
အဲသလိုဖြစ်သွားတာကို ကျွန်တော်က လူလည်ကျပြီး အမိအရ ဖမ်းဆုပ်လိုက်တဲ့အခါမှာ ဒီ စိန်ခြယ်ဖြာရောင်လင်းဟာ လှပကြွရွလာပါတယ်။ ကဲ... စိန်ခြယ်ဖြာရောင်လင်းကို နားသောတ ဆင်ကြည့်ကြပါဦးဗျာ။
(စိန်ခြယ် ဖြာရောင်လင်း... ဒေါင်းမင်းဂေါယာ... ယွန်းလုလု ပျော်စံရာ...)၂
(တိမ်နီ... တိမ်ပြာ... မိလ္လာမြဆိုင်း... မှိုင်းတချို့ ၀ိုင်းလို့ရွှေဝါ...)၂
(စိတ်ထဲ မှတ်စွဲသည်... မိုးထက်မိုးအာကာ...)၂
(စုံမခြား... ဂဠုန်နဂါး... စုံများလှရုပ်ကောင် မှန်စွာ သေချာဖွေရှာ မှန်းထင်ကြည့်... လွမ်းချင်သည့်စိတ်က ၀ိပလ္လာ...)၂
ဒီ့ထက်ပိုပြီးတော့ ထူးခြားလာတဲ့ အကျိုးအမြတ်က ဘာလဲဆိုတော့ ကျွန်တော့်သားလေးဖိုးသောကြာကို ပွဲဦးထွက်ရုပ်ရှင်အဖြစ် ဆိုကရေးတီးအတွက် နိုင်ငံတော်အစိုးရက ကျွန်တော့်ကို ကားတစ်ကား ရိုက်ပေးပါဆိုတော့၊ ကျွန်တော် အဲဒီကားကို စိန်ခြယ်ဖြာရောင်လင်းသီချင်းနာမည်နဲ့ပဲ ကျွန်တော် ဇတ်လမ်းတစ်ပုဒ် ရိုက်ပေးတဲ့အခါမှာ မျက်နှာသစ်ကလေးဖြစ်တဲ့ ဖိုးသောကြာဟာ သူ့မှာ အသံကလေးကလည်းရှိတော့ အဆိုတော်လေးအဖြစ် ရိုက်ကူးပါတယ်။
ဒီနေရာမှာလည်း စားမစပ်ပြောရရင် တစ်နေ့မှာ ဘာဖြစ်လာသလဲဆိုတော့ ဖိုးသောကြာက အဆိုတော်မဖြစ်သေးဘူးခင်ဗျ။ ဒီမှာလည်း ကံတရားလေးက ပါလာတာပါ။ သားက ကျွန်တော်နဲ့ အသံချွတ်စွပ်တူတယ်။ တစ်နေ့မှာ မောင်ရာမက ကျွန်တော်နဲ့ မေဆွိကို အသံသွင်းဖို့ဆိုပြီး ကျွန်တော့်ဆီကို ဖုန်းဆက်လာပါတယ်။ အခုတော့ မောင်ရာမလည်း သေသွားရှာပါပြီ။ တယ်လီဖုန်းထဲမှာ လူတွေရဲ့ပင်ကိုသံ၊ အဆိုတော်တွေရဲ့ အသံက မိုက်ကရိုဖုန်းထဲကလိုပဲ အသံထွက်ပါတယ်။ ဆိုတော့ သားက ဖုန်းကိုင်တယ်။
"အမိန့်ရှိပါ ခင်ဗျာ"
ဆိုပြီးဖြေတော့ ရာမက ကျွန်တော် ဖုန်းကိုင်တယ်ထင်ပြီးတော့ -
"အစ်ကိုလား" တဲ့။
"မဟုတ်ပါဘူး၊ သားပါခင်ဗျ"
"အစ်ကို၊ မေဆွိနဲ့ သီချင်း သွင်းစရာရှိတယ်"
"မဟုတ်ဘူခင်ဗျ၊ သားပါခင်ဗျ၊ သားပါခင်ဗျ"
ဆိုပြီး အဖေ့ကို ခေါ်ပေးမယ်ဆိုပြီး ကျွန်တော်က -
"အေး၊ ညီလေး၊ ဘာလဲ"
ဆိုတော့ -
"သားလားတဲ့၊ အဖေ့ကို ခေါ်ပေးပါ"
ဆိုပြီး ပြောင်းပြန်တွေဖြစ်ကုန်တယ်။
အဲဒီ မတော်တဆမှုလေးက ဘာဖြစ်သွားသလဲဆိုတော့ ရာမက -
"အစ်ကို သားပါခေါ်ခဲ့ပါ၊ သားအသံက အစ်ကိုနဲ့တူနေတေယ်၊ သားပါခေါ်ခဲ့ပါ" တဲ့။
"ကဲကွာ၊ သား ခဏလိုက်ခဲ့စမ်းကွာ၊ ကားမောင်စမ်း"
ဆိုပြီးခေါ်သွားတယ်။ ဟိုရောက်တဲ့အခါကျတော့ ရာမက အစ်ကို သီချင်းလေးတစ်ပုဒ် 'ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ' ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို အစမ်းဆ ဆိုခိုင်းမယ်ဆိုပြီး -
"ကဲ သားရယ်၊ ခဏ ၀င်စမ်းကြည့်စမ်းကွာ"
ဆိုပြီး ဆိုခိုင်းတယ်။ ကလေးကလည်း ဘာရယ် မဟုတ်ဘူး၊ အဖေဆိုနေတဲ့သီချင်း ကြားရဖန်များပြီး နားစွဲနေတော့ ဆိုလို့ ဖြစ်သွားတာပေါ့။ အဲဒီတစ်ပုဒ်ကို ရာမက အသံသွင်းပြီး ယူထားလိုက်တယ်။
အဲဒါနဲ့ ဒီကောင်ကလည်း ဘာရယ်မဟုတ်ဘဲ အဖေ့စီးရီးထဲမှာ ပါသွားရင်းနဲ့ သီချင်းဆိုဖြစ်သွားတာ။ ဆိုတော့ ခုနပြောတဲ့ စိန်ခြယ်ဖြာရောင်လင်း ရိုက်ဖြစ်တဲ့အခါကျတော့ ရှေ့ပိုင်းမှာ အဲဒီသီချင်းနဲ့ ဖိုးသောကြာ သီချင်းဆိုတဲ့ အခန်းရိုက်လိုက်တာ။ ရိုက်လိုက်တော့ ပရိသတ်ကလည်း ဖိုးသောကြာ သီချင်းဆိုတတ်တယ်ဆိုတာလေး သိသွားတယ်၊ ပေါ်သွားတယ်။ နောက်ပိုင်း ဇာတ်သိမ်းမှာ စောစောကပြောတဲ့ စိန်ဗိုလ်တင့်ရယ်၊ မောင်ကိုကိုရယ်၊ ကျွန်တော်ရယ် ဆိုထားတဲ့ ဇာတ်သိမ်းကို ထည့်ပြလိုက်တယ်။ ထည့်ပြလိုက်တော့ ခက်တာက မင်းသားက ဖိုးသောကြာ၊ စောစောက မြန်မာ့ရုပ်မြင်သံကြားမျာ ရိုက်ထားတာက သုမောင်၊ စိန်ဗိုလ်တင့်၊ မောင်ကိုကိုရယ်ဖြစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...