Saturday, April 30, 2016

ပညာရေးသဘောတရားနဲ့ လက်တွေ့နယ်ပယ်အတွေ့အကြုံ (၂)

မင်း ဒင်

ရဲတင်းစွာ အာမခံသည်။ ။
ဒီစာကိုဖတ်ပြီးရင်တစုံတခု ရ ရပါစေ့မယ်လို့၊ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်။ ။
ကျွန်တော့်အကိုကြီးလိုခင်မင်ရတဲ့ ဆရာညီညီဖေ (Jeffrey Pe )ရဲ့လက်ရာဆောင်းပါးလေးကို
ဖတ်ကြည့်ကြစေချင်လို့၊ ရှယ်တောင့်ရှယ်ခဲ ဝေမျှလိုက်ပါတယ်။ ။
..................
ပညာရေးသဘောတရားနဲ့ လက်တွေ့နယ်ပယ်အတွေ့အကြုံ(၂)

ညီညီဖေ(Assumption University)
Academic Weekly Educational Journal
Vol(4) No(12)
နောက်ထပ်မျှဝေပေးချင်တဲ့ အရာကတော့
စာသင်ခန်းစီမံအုပ်ချုပ်မှုနဲ့ စိတ်ပညာ ကို အသုံးချတဲ့
အတွေ့အကြုံလေးတစ်ခုပါ ပဲ။
ဆရာဟာ သင်ခန်းစာကို ရှင်းပြနေစဉ် မှာ ကျောင်းသား၊
ကျောင်းသူတွေနဲ့ eye-ball contact
ရယူရပါမယ်။ ဘာကြောင့်လဲ၊ မျက်လုံးများဟာ နှလုံးသားရဲ့ တံခါးပေါက်တွေလေ၊ သူတို့ နားလည် မလည်ကို
သူတို့ရဲ့ မျက်လုံးတွေက ဖော်ပြလေ့ရှိတာ အမှန်ပါ။
တချို့ ဆရာ၊ ဆရာမတွေဟာ သင်ခန်းစာကိုရှင်းပြနေစဉ်မှာ ကျောင်းသူ၊ ကျောင်းသားတွေကို
ကျောခိုင်းပြီး ကျောက်သင်ပုန်း ပေါ်ကိုကြည့်ပြီး ပြောနေတာတွေ တချို့လည်း ပြတင်းပေါက်ကတစ်ဆင့်
အပြင်ကိုငေးပြီး ပြောပြနေတာမျိုးတွေကို မြင်တွေ့ဖူးပါတယ်။
တချို့ဆိုရင် စာသင်ခန်းနံရံတို့၊ မျက်နှာကျက်
တို့ကိုပဲ မျက်နှာမူကြည့်ပြီး ပြောပြနေတာတွေ လည်း တွေ့ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ သိပ်ကို နည်းပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသား၊ ကျောင်းသူနဲ့ မျက်လုံးချင်းဆုံပြီး သေချာအကဲခတ်ဖို့က ဆရာ၊ ဆရာမရဲ့
တာဝန်ဝတ်္တရား ဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေရဲ့ စိတ် ပညာဆိုင်ရာကိုလည်း
တချို့နေရာတွေမှာအသုံးချလို့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုယ် တွေ့လေးတစ်ခုကို ဆွေးနွေးချင်ပါတယ်။
ဆရာဖြစ်ခါစနှစ်မှာပါ။ ဆယ်တန်း အင်္ဂလိပ်စာပြတဲ့ဆရာမ
ခွင့်ယူတဲ့အတွက် အစားဝင်ရပါတယ်။
အချိန် အလဟဿ မကုန်စေချင်တာကြောင့် ထိုစဉ်က ဆယ်တန်း မေးခွန်းလွှာ (အင်္ဂလိပ်စာ)မှာ Part-B လို့သိကြတဲ့ Grammar and Composition
အပိုင်းက သင်ခန်းစာတစ်ခုကို သင်ပေးလိုက် ပြီး သူတို့ကို
လေ့ကျင့်ခန်းပေးပါတယ်။ ကျောက်သင်ပုန်းပေါ်မှာ ရေးနေတုန်း “၀ုန်း”ကနဲအသံတစ်ခု နောက်ဆုံး
ခုံတန်းဘက်က ထွက်လာပါတယ်။ လှည့်ကြည့်လိုက်တော့
ကျောင်းသား နှစ်ဦး ရန်ဖြစ်နေတာပါ။ အဲဒီ
နှစ်ဦးလုံးဟာ တပ်မတော်အရာရှိဟောင်းတွေရဲ့ သားများဖြစ်ပါတယ်။ သူတို့ဖခင်တွေဟာ လည်း ပါတီ၊
ကောင်စီနဲ့ နယ်ဘက်အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းနေဆဲပါ။
စာရေးသူက ရပ်ဖို့ အသံကျယ်နဲ့အော်ဟစ်ပြီး
သူတို့အနားကို အမြန်လျှောက်သွားခဲ့ပါတယ်။
အပြစ်ရှိ မရှိမေးတော့ နှစ်ဦးလုံးက အပြစ်ရှိကြောင်း
ဝန်ခံပါတယ်။ နှစ်ယောက်လုံးရဲ့ ကျောပြင်ကို လက်ဖ၀ါးနဲ့ အသံထွက်အောင် ရိုက်ပြီး အပြစ်ပေးလိုက်ပါတယ်။
ဘာကြောင့် ရန်ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းကို မေးတော့
တစ်ယောက်က သတိ္တရှိသလား
မေးလို့တဲ့လေ။ ရယ်စရာတော့ အကောင်းသား၊
ဒါနဲ့ မင်းတို့ မိဘတွေဆီကိုပါ ညနေကျောင်းဆင်းရင်
ငါလိုက်ပြီး ဒီကိစ်္စပြောပြပြီး မင်းတို့ကိုအပြစ် ပေးခိုင်းမယ်လို့ဆိုတော့ ငတိနှစ်ယောက်က လူပါးတွေပဲ။
သူတို့အဖေတွေက စာရေးသူပေး တဲ့ပြစ်ဒဏ်ထက် ပိုပြီး ပြင်းပြင်းထန်ထန် ပေးမှာကို နှစ်ယောက်လုံး
သဘောပေါက်ကြတယ်လေ။ ဒီတော့ ဆရာပေးချင်တဲ့အပြစ်သာ ပေးပါ။ အိမ်ကိုတော့ မတိုင်ပါနဲ့ဆိုပြီး ဈေး
ညှိလာတော့တာပေါ့။ သူတို့မိဘတွေကလည်း ဆရာတို့ဆုံးမပါ။ အလိုလိုက်စရာမလိုပါဘူး။စည်းကမ်းနဲ့ပတ်သက်လာရင် အရေးယူပါလို့ ပြောထားပြီးသားပါ။ ဒီတော့ ဆရာကလည်း
တင်းအားလျော့သွားအောင် လုပ်ရတော့တာ ပေါ့။ စာရေးသူ ဆိုဆုံးမခဲ့တာလေးကို ပြန် ရေးပြချင်ပါတယ်။
“ကဲ တပည့်တို့ မင်းတို့အားလုံးကို ဒီကိစ်္စ မှာ မင်းတို့ သိဖူး၊
ဖတ်ဖူးတဲ့ ကျမ်းကြီးကိုးကျမ်း ခန့်လို့မင်းတို့ထင်တဲ့ ကျမ်းနဲ့
နမူနာပြပြီး ဆုံးမရမှာပဲ” လို့ ပြောလိုက်တော့
ဘာကျမ်း ကြီးကျမ်းခန့် ပါလိမ့်ဆိုတဲ့
စိတ်ဝင်စားတဲ့ မျက်လုံးလေးတွေကို မြင်ခဲ့ရတယ်လေ။
“အေး အဲဒါကတော့ “ပြာလောင် ကာတွန်းပဲကွ” ဆိုတော့
တပည့်တွေက “၀ါး” ကနဲ ရယ်ကြတယ်။
ထိုခေတ်ကာလက ပြာ လောင်ကာတွန်းကို လူငယ်၊ လူလတ်တွေ ဖတ်ကြပါတယ်။ သိလည်းသိ ထင်ရှားတဲ့
ကာတွန်းဇာတ်ကောင်ပါ။ တကယ်တော့ သူတို့ဆရာက သူတို့နဲ့ လိုက်လျောညီထွေမယ့် နှစ်သက်မှုရှိတဲ့
စာအုပ်နဲ့ နမူနာပေးဖို့ ကြိုးစားတာပါ။ ဆရာနဲ့တပည့် ပညာရေးသံစဉ် ညှိတာပေါ့လေ။
“ဒီမှာ ဆရာဖတ်ဖူးတဲ့ ပြာလောင်စာအုပ် ထဲမှာ ပြာလောင်က စိုက်ပျိုးရေးအရာရှိကွ၊ သူ့ရွာကို
ခဏအလည်ပြန်ရောက်တုန်း နံနက် စောစော သူ့အဖေနဲ့ ရွာအပြင်လယ်ကွင်းတွေ ရှိရာကို
လမ်းလျှောက်လာသတဲ့။ မျက်နှာခြင်း ဆိုင်မှာ အငြိမ်းစားမြို့ပိုင်နဲ့
သူ့သမီး၊ အင်း အဓိကဇာတ်ဆောင်ပေါ့ကွာ။
သူတို့ကလည်း လမ်းလျှောက်လာကြသတဲ့”။ မြို့ပိုင်ဟောင်းက “ဟိုင်း မောင်ပြာလောင် ဂွတ်မောနင်း
ဟောင်းဒူးယူဒူး”လို့ နှုတ်ဆက်တော့ ပြာ လောင်ကလည်း
“ဟယ်လို အန်ကယ် ဂွတ် မောနင်း ဟောင်းဒူးယူဒူး”
လို့ ပြန်နှုတ်ဆက် သတဲ့။ မြို့ပိုင်သားအဖလည်း ခပ်လှမ်းလှမ်း ရောက်ရော ပြာလောင်ရဲ့ဖခင်က “ဟေ့ သား
မောင်ပြာလောင် ဒီဘူးရို သားအဖနဲ့ မပေါင်း စမ်းနဲ့ ကွာ” လို့ ပြောသတဲ့။ ပြာလောင်က
“ဘာဖြစ်လို့လဲအဖေ” ဆိုတော့ “အိုကွာ လူကြားထဲ ဒူးတွေရော ဘာတွေရော ပေါက်ကရတွေ ပြောနေတာ။
ဗမာချင်းပဲကွာ ဗမာလိုနှုတ်ဆက် ပါလား”လို့ ပြောသတဲ့။
အဲဒီမှာ ပြာလောင်က “အဖေ မပြေလည် မှုနဲ့ကြုံရင် သည်းခံမှုနဲ့ ဖြတ်ကျော်ရသတဲ့” လို့
ပြောတော့တာပဲ။
အေး... ချစ်တပည့်တို့ အခုလည်း ဆရာကပြောမယ်။
မင်းတို့မပြေလည်မှုနဲ့ ကြုံ နေတော့သည်းခံမှုနဲ့ ဖြတ်ကျော်ကြကွာ။
သြော် ကာတွန်းက မပြီးသေးဘူးကွ။ ပြာ လောင်အဖေက ပြန်မေးတယ်။
“အဲဒါမင်းကို ဘယ်သူကပြောသလဲ” တဲ့။ ပြာလောင်ကလည်း “ပလေတိုးက ပြောတာပါအဖေ” လို့လည်း
ဖြေလိုက်ရော ပြာလောင်အဖေက “ငါ့သား မောင်ပြာလောင်
အဲဒီပလေတိုးဆိုတဲ့ အ ကောင်ကိုဝေးဝေးရှောင်ကွာ အပေါင်းအသင်း မလုပ်နဲ့”လို့ ပြောပြန်တယ်ဟေ့။
ကျောင်းသား၊ ကျောင်းသူတွေ တ၀ါးဝါးနဲ့ ရယ်ခဲ့ကြပါတယ်။
ဆရာမှာ Sense of Humor ဆိုတဲ့ ဟာသဉဏ် အတိုက်အလျောက်ရှိရပါမယ်။
ဒါပေမဲ့လူရွှင်တွေလိုတော့ အမြဲတမ်း ရယ် စရာချည်း ပြောနေလို့တော့ မရပေဘူးပေါ့။ တပည့်တွေကို သူ့နေရာနဲ့သူ နမူနာပြ ပုံတို ပတ်စပြောပြီး ဆုံးမနိုင်ဖို့ ဆရာဟာ စာများ များ ဖတ်ထားဖို့လိုအပ်ပါတယ်။ အခုလို တပည့်တွေနှစ်သက်မယ့် ကာတွန်းတို့ သီချင်းတို့ကို ဆရာကလည်း
သိထားမယ်ဆိုရင် တစ်ခါခါမှာအသုံးဝင်လာနိုင်ပါတယ်။ အဲဒီ လို ကာတွန်းကိုးကားဆုံးမ
စကားပြောပြီးမှ အဲဒီ နှစ်ဦးဆီသွားပြီး တိုးတိတ်ညင်သာ ဆုံးမ စကားထပ်ပြောရတာပေါ့။
၁၉၈၇ အောက်တိုဘာလကုန်မှာ အဲဒီရန် ဖြစ်တဲ့ တပည့်နှစ်ဦးထဲက
တစ်ဦးကို ရန်ကုန်ဘူတာကြီးမှာ ပြန်ဆုံပါတယ်။ စာရေးသူက
မန္တလေးအမြန် နံနက်ရထားစီနင်းလိုက်ပါဖို့ စင်္ကြန်(၁)ထဲ
ဝင်ခဲ့တယ်။ စာရေးသူကို အပြေးအလွှား လာရောက်နှုတ်ဆက်
ဂါရ၀ပြု ရင်း လက်ထဲကအိတ်တွေသူဆွဲပေးပါရစေ ပြောလာတယ်။
အဲဒီကျောင်းသားက အဲဒီ အချိန်မှာ တပ်မတော်(ကြည်း)မှာ
လက်ဖတင် နင်(ဗိုလ်)ရာထူးအဆင့် တပ်မတော်အရာရှိ ဖြစ်နေပါပြီ။
စာရေးသူက ...
“ချစ်တပည့်ရာနေပါစေကွာ။ ဆရာမှာ ဒီအိတ်သေးသေး လေးပဲ ပါတာပါ။ မင်းလည်းအရာရှိဖြစ်နေပြီ။ မလုပ်ပါနဲ့” လို့ ဆိုတော့
“ဆရာကျွန်တော် တပ်မတော်အရာရှိဖြစ်လာတာ ဆရာ့ကျေးဇူး တွေကြောင့်ပဲ” လို့ ပြောလာတယ်။ နည်းနည်း မရှင်းဘဲရှုပ်သွားသလို မျက်နှာသွင်ပြင်ဖြစ် သွားတော့မှ တပည့်ဟောင်းက “ဒီလိုပါဆရာ
ဆရာမှတ်မိမလားတော့ မသိဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က
ဆယ်တန်းမှာ ဟိုတစ် ယောက်နဲ့ ကျွန်တော်ရန်ဖြစ်တယ်လေ။ ဆရာက နှစ်ယောက်လုံးကို ဆုံးမစကားပြော ခဲ့တာပါ။ မင်းတို့ သတိ္တရှိကြောင်းပြချင်ရင်
တပ်ထဲဝင်ကွာ။ နိုင်ငံနဲ့ ပြည်သူလူထုအတွက် အသက်တောင်ပေးရဲတယ်
ဆိုတဲ့ သတိ္တမျိုးကို ပြစမ်းပါလို့ဆရာပြောခဲ့တယ်။ ကျွန်တော် အဲဒီနေ့က စပြီး တပ်ထဲဝင်မယ်ဆိုတဲ့ စိတ်မွေး ခဲ့တာပါဆရာ” လို့ ရှင်းပြတယ်။
တစ်ခါတစ်ရံမှာ ဆရာ၊ ဆရာမရဲ့ ဆုံးမ စကားဟာ ကျောင်းသား၊ ကျောင်းသူတွေအ တွက်
ဘ၀လမ်းကြောင်းရွေးချယ်ရာမှာ လမ်းညွှန်အထောက်အကူဖြစ်တတ်တာကို သတိပြု မိတယ်။
ပညာရေးသဘောတရားတွေကို လက် တွေ့နယ်ပယ်မှာ အသုံးချတဲ့အခါ ကျောင်း သားငယ်တို့
နားလည်လက်ခံနိုင်လောက်တဲ့ အကိုးအကားကိုသုံးပြီးတော့ ဆိုဆုံးမနိုင်ရင် ထိရောက်မှုရှိနိုင်ပါကြောင်း
အတွေ့အကြုံတစ် ခုကို နမူနာအဖြစ် ရေးသားတင်ပြလိုက်ရ ပါတယ်
ညီညီဖေ(Assumption University)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...