Wednesday, June 15, 2016

အမြင့်မြတ်ဆုံးနှင့် အယုတ်ညံ့ဆုံး

မေတ္တာရှင် ရွှေပြည်သာ

ကိုယ်တိုင် မကျူးလွန် သူတစ်ပါးကိုလည်း တားမြစ်
@@@@@@@@@@@@@@@@@@@
ဆင်းသူမရှိသော်လည်း နေပြည်တော်ကို “ပ” စားပေးချင်သော စိတ်ကြောင့် ရန်ကုန်-မန္တလေး၊ အစုန်-အဆန် ရထားများသည် နေပြည်တော်ဘူတာသို့ အချိန်ကောင်းတွင် ဆိုက်ပေးရသည်။ အရေးမပါပါ၊ ဆင်းသူ၊ တတ်သူ တစ်ယောက်နှစ်ယောက်သာရှိသော အကျိုးမရှိသော နေပြည်တော်ဘူတာတွင် ခပ်ကြာကြာရပ်ပေးရသောကြောင့် အရေးပါသောဆင်းသူ တက်သူ ပေါများသော၊ အကျိုးရှိသော မန္တလေးဘူတာတွင် ဒုစရိုက်သမားတို့အကြိုက် ညသန်းခေါင်ကျမှ ဆိုက်နိုင်တော့သည်။

အငှားကားမောင်းသူများ၊ ဆိုက္ကားသမားများမှာ အိပ်ရေးအပျက်ခံပြီး ရထားကိုစောင့်ကြရသည်။ အဆိုးဆုံးမှာ မန္တလေးမြို့ပေါ် လမ်းခရီးကို မကျွမ်းကျင်သော မိန်းခလေးများမှာ ကာမဘီလူးများ၏ လက်တွင်းသို့ သက်ဆင်းရခြင်းဖြစ်၏။ ဘဝပျက်သွားသော မိန်းကလေးများကို တရုတ်ပြည်သို့ ရောင်းစားတတ်ပြန်သည်။ တရုတ်ပြည်တွင် မိသားတစ်စု ကလေးတစ်ယောက်သာ မွေးခွင့်ပေးထားသော်လည်း လူဦးရေ သန်းပေါင်း ၁၃၀၀ကျော်နေသည်။ တစ်ယောက်တည်း မွေးခွင့်ရသောအခါ ယောက်ျားလေးသာ မွေးကြသည်။ မိန်းခလေးမွေးလာလျှင် သတ်ပစ်ကြသည်။
နှစ်တွေကြာလာသောအခါ ယောက်ျားတွေများလာပြီး လက်ထပ်စရာ မိန်းခလေး ရှားပါးကုန်သည်။ ထိုအခါ မြန်မာနိုင်ငံကဲ့သို့ အဆင်းရဲဆုံး နိုင်ငံများမှာ မိန်းကလေးများကို ဝယ်ယူလက်ထပ်ကြသည်။ ထို့ကြောင့် ယုတ်ညံ့သော ဘာသာခြား မုတ်ဆိတ်ကုလားအချို့သည် တက္ကဆီဆိုင်ကယ်သမား အယောင်ဆောင်ပြီး ညသန်းခေါမှ ဝင်လာသည့် ရထားမှာ ထွက်လာသော ခပ်အအ မိန်းကလေးများကို ကူညီသယောင်နှင့် ဖျားယောင်းသွေးဆောင်တတ်ကြသည်။
ရန်ကုန်ရထားကြီး ဝင်လာလေပြီ၊ ကိုလှမိုးသည် ဆိုက္ကားကို သော့ခတ်ပြီး ဘူတာထဲ လူသွားစကြသို့ ခပ်သွက်သွက် လှမ်းလိုက်သည်။ နာရီကြည့်လိုက်သောအခါ ညနာရီပြန်တစ်ချက်ထိုးတော့မည်။ သားငယ်လေး သုံးယောက်နှင့် အမျိုးသမီးကား ရွှံ့ဗွက်တစီစီထဲတွင် ဆောက်ထားသော တဲအိမ်ထဲတွင် အိပ်မောကျနေလောက်ပေပြီ။ မိုးရွာတိုင်း ရေဝင်ကာ ဗွက်ထနေသော မြေကွက်သည်ပင် ကိုယ်ပိုင်မဟုတ်။ တစ်လငါးထောင် ပေးငှားရပြီး ကိုယ့်တဲကိုယ်ထိုးနေရခြင်းဖြစ်သည်။ ထိုရွာကြီးထဲတွင် သူတို့ကဲ့သို့ လက်လုပ်လက်စားတွေ မနည်းပေ။
ဥစ္စာ စည်စိမ်ဆင်းရဲလို့ အပါယ်မကျ၊ ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျသည်။
ဥစ္စာ စည်းစိမ်ဆင်းရဲလို့ ဘယ်ပညာရှိ သူတော်ကောင်းမှ အထင်မသေး၊
ကိုယ်ကျင့်သီလ ဆင်းရဲမှ(ပျက်မှ) အထင်သေးသည်။
မိမိနောက် ပါမလာနိုင်သော ဥစ္စာ၊ စည်းစိမ်၊ ရာထူး၊ အာဏာများဖြင့် မိမိနောက် ပါလာနိုင်သော အကုသိုလ်များကို လဲမယူမိပါစေနှင့်။
ဟူသော အဆုံးအမလေးကြောင့် ကိုလှမိုးတစ်ယောက် ကိုယ်ကျင့်သီလကိုတော့ ချမ်းသာအောင် ကြိုးစားသည်။ မတရားသောနည်းဖြင့် ဘယ်သောအခါမှ ငွေမရှာခဲ့။ တရားသဖြင့်ရသော ငွေဖြင့်သာ သားမယားကို လုပ်ကျွေးခဲ့သည်။ ခရီးသည်များထဲတွင် ပါလာတတ်သော မလည်မဝယ် မိန်းကလေးများကို ကာမဘီလူးများ လက်ထဲ မရောက်အောင် သူမကြာခဏ ကယ်တင်ပေးရတတ်သည်။ ထိုသို့ ကယ်တင်ရသော နေ့ဆိုလျှင် သူ့မှာကုသိုလ်ရသည်။ ဆိုက္ကားခ မရချေ။ ထိုအခါမျိုးတွင် ဆရာတော်တစ်ပါး ဆုံးမခဲ့ဖူးသော ဒဿနလေးဖြင့် စိတ်ကိုဖြေရသည်။
ငွေသည် လူ့ဘုံတစ်ဘုံသာ သုံး၍ရသည်။
ကုသိုလ်ကား (၃၁)ဘုံလုံး သုံး၍ရသည်။
ပညာမဲ့ လူမိုက်သည် ငွေကိုသာရှာသည်။ ကုသိုလ်ကို မရှာ။
ပညာရှိ သူတော်ကောင်းကား ငွေရော၊ ကုသိုလ်ကိုပါ နှစ်မျိုးလုံး ရှာသည်။
ထိုဒဿန အဆုံးအမလေးကြောင့်သာ သူ့မှာ အများအကျိုးကို ကိုယ်ကျိုးစွန်ပြီး လုပ်နိုင်ခြင်းဖြစ်သည်။ ကိုလှမိုးတစ်ယောက် ရထားပေါ်မှ ဆင်းလာသော ခရီးသည်များကို မျက်စိရှင်ရှင်ဖြင့် ကြည့်နေသည်။ အလုပ်က သင်ပေးသွားသောကြောင့် လူကိုမြင်လိုက်သည်နှင့် ကားငှားမည့် ခရီးသည်လား ဆိုသည်ကို ခွဲခြားတတ်နေပြီ။ တွေ့လိုက်ပါပြီ အသက်နှစ်ဆယ် အရွယ်ခန့်မိန်းကလေးတစ်ယောက် လက်ထဲတွင် အညံ့စာ ခရီးဆောင်အိတ်တစ်လုံးကို ကိုင်ကာ ဟိုသွားရမလို၊ ဒီသွားရမလို ဖြစ်နေသည်။
ထိုအချိန်မှာပင် ဘာသာခြင်းတစ်ယောက် ကလေးမနားကို ကပ်သွားပြီး တစ်စုံတစ်ခု ပြောနေသည်ကို တွေ့ရသည်။ ကလေးမလေးက မျက်လုံးအဝိုင်းသားနှင့် ထိုဘာသာခြင်းကို ပြန်ကြည့်နေသည်။ ဘာမျှ မကြာလိုက်၊ ထိုဘာသာခြားက ကလေးမ၏ အိတ်ကိုဆွဲယူကာ ရှေ့မှ ထွက်သွားသည်။ ကောင်မလေးက နောက်က လိုက်သွားသည်။ ဘာသာခြားနှင့် မြန်မာ အခြေအနေ မကောင်းမှန်း ကိုလှမိုးသိလိုက်ပြီ။ ထိုသူများကား လူသားစား မနုဿကျားများ မဟုတ်ပါလား။
ကိုလှမိုး ယနေ့ည ကုသိုလ်ယူရတော့မည်ဆိုတာ သိလိုက်သည်။ ထိုသူများနောက်သို့လိုက်ရန် ဆိုက္ကားဆီသို့ ပြန်ပြေးသည်။ ရောက်သည်နှင့် သော့ဖွင့်ပြီး တက္ကစီဆိုင်ကယ်များ ရှိရာဘက်သို့ နင်းထွက်လိုက်သည်။ ထိုသူသည် တက္ကစီဆိုင်ကယ်သမား တစ်ယောက်ဖြစ်မှန်း သူသွားနေသောလမ်းကို ကြည့်ပြီး သိလိုက်ပြီ။ မုတ်ဆိတ်နှင့် ဘာသာခြင်းသည် ဘူတာကြီးထဲမှ ထွက်ပြီး ကျူံးထောင့်ဘက်ကို သွားနေသည်ကို တွေ့ရသည်။ ဆိုက္ကားကို မြန်မြန်နင်းလိုက်သည်။
သေချာပြီ၊ သစ်ပင်မှောင်ရိပ် အကွယ်တွင် ဆိုင်ကယ်တစ်စီးနှင့် မုတ်ဆိတ်တစ်ယောက် စောင့်နေသည်ကို တွေ့ရသည်။ တစ်ယောက်က လူရှာ၊ တစ်ယောက်က တင်ပြေးမည့် အစီအစဉ်ပင်။ ကိုလှမိုးက ဆိုင်ကယ်ဆီကို ရောက်အောင် အရင်နင်းလိုက်သည်။
ဆိုင်ကယ်နားကပ်ရပ်လိုက်သောကြောင့် ဆိုင်ကယ်သမား ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ ဒုစရိုက်သမားသည် လူကောင်းကို ကြောက်တတ်သည် မဟုတ်လော။
အနားသို့ရောက်လာသော ဘာသာခြား လက်ထဲမှ မိန်းကလေး၏အိတ်ကို ကိုလှမိုး ဆွဲယူလိုက်သည်။ ထိုဘာသာခြားက ဒေါသမျက်လုံးဖြင့် လှမ်းကြည့်သည်။ ကိုလှမိုးက ဂရုမစိုက်၊ ဘာသာခြားနှစ်ယောက်ကို မကြည့်။ မိန်းကလေးကိုသာ ကြည့်ပြီး ပြောလိုက်သည်။
“ကလေးမ ငါကမြန်မာ၊ ဒီကောင်တွေက ဘာသာခြား။ ကလေးမကိုယ်တိုင်က မြန်မာဆိုတော့ သေချာ စဉ်းစား - ကလေးမကို ကူညီဖို့ တခြားခရီးသည်တွေတောင်မတင်ဘဲ ဦးလေးလိုက်လာတာ။ ဘာသာခြားကို ယုံရင် ဆိုင်ကယ်ပေါ်တက်၊ မြန်မာဖြစ်တဲ့ ဦးလေးကို ယုံရင် ဆိုက္ကားပေါ်တက်”
အသက်နှစ်ဆယ်အရွယ်ခန့် မိန်းကလေးသည် ထိုမျှတော့ စဉ်းစားတတ်ပါသေးသည်။ ကိုလှမိုး၏ ဆိုက္ကားပေါ်သို့ စွေ့ခနဲ တက်လိုက်သည်။ မိန်းကလေး ဆိုက္ကားပေါ်ရောက်သည်နှင့် ကိုလှမိုးက အမြန်နင်းထွက်လိုက်သည်။ ကလေးမကို ခေါ်လာသော ဘာသာခြားက ဆိုက္ကားကို လှမ်းဆွဲထားက ရန်စကာ ပြောလာသည်။
“မင်း- လူလည်မကျနဲ့၊ ငါတို့ ခရီးသည်ကို ဘာလို့ လုယူရတာလဲ”
ကိုလှမိုး နားလည်သည်။ ဆင်သေကို ဆိတ်ရေနှင့် ဖုံးကြည့်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုက္ကားပေါ်မှ ဆင်းလိုက်ပြီး ရင်ဆိုင်လိုက်သည်။
“ငါမျက်နှာကို သေချာကြည့်စမ်း၊ ခရီးသည်လုတင်မဲ့ လူစားမျိုးလားဆိုတာ မင်းတို့ ဒီကလေးမကို မဟုတ်တာကြံဖို့ဆိုတာ မသိဘူးများ ထင်နေသလား။ ဥပဒေကြောင်းအရ ရှင်းချင်ရင် မင်းတို့နှစ်ယောက်လုံး အခု ရဲစခန်းကိုလိုက်ခဲ့၊ လက်နဲ့ ပြဿနာရှင်းချင်ရင်လည်း လာခဲ့”
ပြောပြောဆိုဆို လက်နှစ်ဖက်ကို အသင့်ပြင်ပြီး ရှေ့တိုးလိုက်ရာ ဘာသာခြားသည် နောက်သို့ သုံးလေးလှမ်း ဆုတ်သွားသည်။ ကြောက်မည်ထင်၍ ခြောက်ကြည့်ခြင်းသာ၊ မကြောက်မှန်း သိသွားသောအခါ မခြောက်တော့သည့်အပြင် သူတို့က ပြန်ကြောက်သွားသည်။ ထိုအခါကျမှ ကိုလှမိုး ဆိုက္ကားပေါ် ပြန်တက်ကာ နင်းလာလိုက်သည်။
ခပ်လှမ်းလှမ်းရောက်မှ ကလေးမကို သေချာမေးကြည့်ရသည်။
“ကလေးမ ဘယ်သွားမှာလဲ”
“အချိုရည်ဘူး စက်ရုံကို သွားမှာပါ၊ အဲဒီမှာ အလုပ်လုပ်တာ”
“လိပ်စာပါလား”
“ဟင့်အင်း.. ပါမလာဘူး”
“ဟောဗျာ၊ လိပ်စာမပါဘဲနဲ့ ဘယ်လိုလုပ်ရှာမှာတုန်း”
“နေ့ခင်းဘက်ဆိုရင်တော့ လမ်းမှတ်မိတယ်။ အခုလို ညဆိုရင်တော့ မမှတ်မိဘူး”
“ဒါဆိုရင် မင်းမိဘအိမ် သွားကြတာပေါ့”
“ကျွန်မက တောကပါ၊ ဒီမြို့က မဟုတ်ဘူး။ အဲဒီ အချိုရည်ဘူးစက်ရုံမှာ ခြောက်လလောက် လုပ်ဖူးတယ်။ နောက်တော့ ရန်ကုန်က အချိုရည်ဘူးစက်ရုံ တစ်ရုံက လခပိုရတယ်ဆိုလို့ ပြောင်းသွားတာ၊ ဟိုကျတော့ အဆင်မပြေပါဘူး။ ဒါကြောင့် ဒီစက်ရုံကို ပြန်လုပ်မယ်ဆိုပြီး ရန်ကုန်က ဆင်းလာတာ”
“ဒါဆို ဒီကစက်ရုံ မန်နေဂျာဆီကိုရော မင်းလာလုပ်မယ့်အကြောင်းကို ကြိုအကြောင်းကြားပြီးပြီလာ”
“မကြားရသေးဘူး”
“ဟင်- အဲဒီလိုဆိုရင် လိပ်စာသိတောင် ချက်ချင်းသွားလို့ ဘယ်ဖြစ်မှာတုန်း။ တစ်နေရာမှာ တည်းပြီး အလုပ်ပြန်ခန့်နိုင်၊ အခန့်နိုင် စုံစမ်းအုံးမှ ဖြစ်မှာပေါ့”
“ ......... ”
ကလေးမ ထံမှ မည်သည့်အသံမှ ထွက်မလာ။
“မင်းမှာ တည်းခိုစရာ အသိအိမ်ရော ရှိလား”
“မရှိဘူး”
“ကိုင်း ... အဲဒါဆိုရင်လည်း ဦးလေးအိမ်မှာသာ လိုက်တည်းတော့။ အိမ်မှာ ဦးလေးအမျိုးသမီးနဲ့ သားလေးသုံးယောက်ရှိတယ်။ ဦးလေတို့က ဆင်းရဲတယ်ကွ၊ မင်းက အိမ်ထဲမှာ ဦးလေးဇနီးနဲ့ အတူအိပ်ပေါ့၊ ဦးလေးကတော့ အိမ်အပြင်ထွက်ပြီး တန်းလျားပေါ်အိပ်မယ်”
ကိုလှမိုးကဲ့သို့ မြင့်မြတ်သောသူနှင့် တွေ့ရသည်မှာ မိန်းကလေး အလွန်ကံကောင်းပါသည်။
နောက်တစ်နေ့တွင်မှာ ကိုလှမိုးက အစအဆုံး ကူညီလုပ်ကိုင်ပေးရာ အချိုရည်စက်ရုံတွင် အလုပ်ပြန်ရသွားသည်။ ထိုဖြစ်ရပ်ကို ကျွန်ုပ်သည် ဒေါ်ကြင်ကြင်မြိုင်ထံမှ အရင်သိရခြင်းဖြစ်သည်။ ပရဟိတစိတ်ရှိသော ဒေါ်ကြင်ကြင်မြိုင်က ကိုလှမိုးကို ငွေငါးထောင် ဆုချခဲ့သည်။ ဆရာတော်ကြီး ဦးတိက္ခ ဦးဆောင်သော တောင်တန်းသာသနာပြုအဖွဲ့ကို အကြောင်းကြားလိုက်ရာ ထိုအဖွဲက တိုင်ကပ်နာရီတစ်လုံး၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်များကို ဆုချလိုက်ကြောင်း သိရသည်။ ကျွန်ုပ်ကား ကိုလှမိုးကို ကြည်ညိုလို့မဆုံးတော့။
ထို့ကြောင့် ဒေါ်ကြင်ကြင်မြိုင်ကို အကူအညီတောင်းပြီး ကိုလှမိုးရှိရာ ဆင်းရဲသားရွာကြီးသို့ အရောက်သွားသည်။ ရွာထိပ်ရောက်သည်နှင့် ကိုလှမိုး အပြေးအလွှား ထွက်လာသည်။
“ဆရာတော် တပည့်တော်အိမ် ကြွလာတာလား ဘုရား”
“ဟုတ်တယ်လေ .. ကိုလှမိုးကို ဆုချချင်လို့”
“တပည့်တော်အိမ်က ရွှဲ့ဗွက်ထဲ ဆောက်ထားရတာဘုရား၊ တော်တော်ညစ်ပတ်တယ်။ ဒီဒကာက ဒီရွာထဲကပါဘုရား၊ သူတို့ကတော့ အဆင်ပြေတယ်ဘုရား။ တစ်ထပ်တိုက်ကလေး ဆောက်ထားတယ်။ သူတို့အိမ်ကို ကြွရအောင်ဘုရား”
ကိုလှမိုးနှင့် အတူပါလာသော ဒကာကလည်း လျှောက်သည်။
“တပည့်တော်အိမ်ကို ကြွပါဘုရား၊ တပည့်တော်အိမ်က ဆရာတော်ရဲ့ တရားခွေတွေနာ၊ စာအုပ်တွေဖတ်ပြီး အပြင်မှာ တအားဖူးချင်နေတာဘုရား။ အခုမှ အပြင်မှာ ဖူးခွင်ရတာပါဘုရား”
“နောက်ကျတော့ ဒကာ့အိမ်တွေဆီ သီးသန့်ကြွပေးပါ့မယ်။ အခုကြွလာတာက ကိုလှမိုးဆီဆိုတော့ ဘယ်လောက်ညစ်ပတ်ညစ်ပတ် ကိုလှမိုးအိမ်ပဲ ကြွပါရစေ”
နောက်ဆုံး ကိုလှမိုးသည် ပျော်တစ်လှည့်၊ ဝမ်းနည်းတလှည့်ဖြင့် သူ့အိမ်သို့ ပင့်သွားသည်။ လမ်းထဲဝင်လိုက်ကတည်းက ရွှံ့ဗွက်အိုင်များက ကျွန်ုပ်ကို ဆီးကြိုနှုတ်ဆက်ကြသည်။ ဟုတ်ပေသည်၊ ကိုလှမိုး အိမ်ထဲဝင်ဖို့က မလွယ်။ တဲကုပ်လေးက မှောင်မည်းနေသည့်အပြင် အိမ်ဝိုင်းတစ်ခုလုံးက ရွှံ့အိုင်ကြီးဖြစ်နေသည်။
ကိုလှမိုးတို့ အိမ်ရှေ့ သစ်ပင်အောက်က ကွပ်ပျစ်မှာပဲ ထိုင်လိုက်ကြသည်။ ကိုလှမိုးဇနီးနှင့် ကလေးသုံးယောက်ပါ ထွက်လာပြီး ကန်တော့ကြသည်။
“ကိုလှမိုး မိန်းကလေးတစ်ယောက်ကို ကယ်တင်လိုက်တဲ့အကြောင်း ဒေါ်ကြင်ကြင်မြိုင် ပြောပြလို့ သိရတယ်။ ဆရာတော်ကလည်း ကိုလှမိုးရဲ့ မြင့်မြတ်တဲ့စိတ်ကို လေးစားပြီး ဆုချချင်လို့ လိုက်လာတာ”
“ဆရာတော် တပည့်တော်အိမ်ကို ကြွပေးတာကိုက တပည့်တော်ကို ဆုချလိုက်တာပဲဘုရား။ ဆရာတော်တို့လို ထင်ရှားတဲ့ ဆရာတော်တစ်ပါး တပည့်တော်အိမ်ကို ကြွလာဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးပါဘူး ဘုရား”
“ဟောဒီမှာ ငွေတစ်သိန်းနဲ့ ဆရာတော်ရေးတဲ စာအုပ်တွေ”
ကိုလှမိုးက ဟန်မဆောင်ပါ၊ ရိုသေစွာပင် လက်ခံယူသည်။ နောက်လည်း အခုလိုဒုက္ခဖြစ်မယ့် မိန်းကလေးတွေ တွေ့တိုင်း အခုလိုပဲ ကယ်တင်ပေးပါ”
“စိတ်ချပါဘုရား၊ ဒီအလုပ်ကို တပည့်တော်ရဲ့ ဘဝပေး အသိအရ ဘယ်သူမှ အခိုင်းဘဲ လုပ်သင့်တယ်ထင်လို့ကို လုပ်နေတာပါဘုရား။ အခုလို ဆရာတော်တို့က ချီးမြှောက်တဲ့အခါ တပည့်တော် လုပ်အားပိုရှိသွားတာပေါ့ဘုရား”
“ဒေါ်ကြင်ကြင်မြိုင်နဲ့ တွေ့ပြီးကတည်းက ကိုလှမိုးမှာ အိမ်နဲ့ခြံမရှိဘူးဆိုတာ သိရတယ်။ ဒါ့ကြောင့် ကိုလှမိုးတို့ မိသားစုကို အိမ်နဲ့ခြံပါဝယ်ပြီး ဆုချဦးမှာ။ ဆရာတော်ရဲ့ ဒကာတွေကို ရှာခိုင်းထားပြီ။ အိမ်ဝိုင်းဝယ်ပြီး အိမ်ဆောက်ပြီးတာနဲ့ ဒကာလေးတို့ မိသားစုကို လာခေါ်မယ်”
သူတို့လင်မယားသည် ကျေးဇူးတင်စကားကို ရွှန်းရွှန်းဝေအောင် ပြောတတ်သော အထက်တန်းစား အမည်ခံ ရေပေါ်ဆီ ဟန်သမားများ မဟုတ်ကြ။ သူတို့ ကျွန်ုပ်ကို မည်မျှလောက်ထိ ကျေးဇူးတင်ဝမ်းသာနေကြောင်းကို သူတို့မျက်လုံးများမှ ထွက်လာသောမျက်ရည်များက သက်သေခံနေသည်။ ကျွန်ုပ်သာ မကူညီမထောက်ပံ့လျှင် သူတို့တစ်သက်တွင် ကိုယ်ပိုင်အိမ်နှင့် ခြံနှင့် နေဖို့ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ကျွန်ုပ်သည် တည်းခိုရာ သီတဂူကြယ်တစ်ပွင့် ဆရာတော်၏ ကျောင်းသို့ပြန်ရောက်သည်နှင့် မန္တလေးမြိုနယ်ခံဖြစ်သော ရတနာကဖီး ဆိုင်ပိုင်ရှင် မစိုးကို မြေကွက်ရှာရန် တာဝန်ပေးလိုက်သည်။ တွေ့ပါပြီ။ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် တောင်ဥယျာဉ်ရပ်ကွက်ထဲမှ ပေ ၄၀ x ၆၀ မြေကွက်ပင် ဖြစ်သည်။ ၂၁သိန်းဖြင့် ရလိုက်သည်။ သို့သော် မြေကွက်က ချိုင့်ကျနေသည်။ ထို့ကြောင့် ကျောက်တန်းစီပြီး မြေဝယ်ဖို့ရသည်။ ရေတုံကင်တူးပေးရသည်။ မြေညီညီညာညာ ဖြစ်သွားသောအချိန်တွင် ကျွန်ုပ်၏ စာဖတ်ပရိသတ်များဖြစ်သော ကိုကျော်သင်းဦး၊ မမြင့်မြင့်အေးတို့က သွပ်မိုး၊ ထရံကာ အိမ်လှူဖို့ တာဝန်ယူသည်။
သူတို့ဆောက်လုပ်မည့် ပမာဏကို ကြည့်လိုက်သောအခါ သေးလည်းသေးသည်။ တစ်ထပ်အိမ်လည်း ဖြစ်နေသည်။ ထို့ကြောင့် အခန်းတစ်ခန်း ထပ်တိုးရန်နှင့် နှစ်ထပ်ဆောက်ပေးရန်၊ အလှူရှင်များက မိမိသဒ္ဓါပြတ်သလောက်သာ လှူရန်၊ လိုတာကို ကျွန်ုပ်က စိုက်မည်ဟု ပြောလိုက်သည်။ အိမ်က ၂၁သိန်းကျော်ကျော်လေးကျသွားသည်။ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အတော်သပ်ရပ်သည်။ ၂၅ပေ ပတ်လည်ခန့် ကျယ်မည်ဟုထင်သည်။ မန္တလေးမြို့သည် နွေအခါ အင်မတန်ပူသည်။
အိမ်ပေါ်တွင် မနေနိုင်ပေ။ ထိုအခါမျိုးတွင် လူတစ်ရပ်လွတ်ရုံ အောက်ထပ်ရှိလျှင် အပူခိုလို့ရသည်။ နှစ်ထပ်ဆောက်သည့်အတွက် ထုတ်၊ လျောက်၊ ဒိုင်း၊ မျှား၊ အမိုး၊ အခင်း ဘာမျှ ပိုကုန်သည်မဟုတ်။ တိုင်တိုတိုင်ရှည်သုံးရသဖြင့် အနည်းငယ်ပိုကုန်သည်။ ယခလည်း မူလ အလှူရှင်ခန့်မှန်းသည်ထက် ခြောက်သိန်းခန့် ပိုကုန်ရုံဖြင့် မူလ တစ်ထပ်အိမ်မှာ နှစ်ထပ်အိမ်ရလိုက်သည် မဟုတ်ပါလား။
အပူအားကြီးသော မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် အိမ်ဆောက်လိုသူများအတွက် အတုယူဖို့ ထည့်ရေးလိုက်ခြင်းဖြစ်သည်။ အိမ်၊ မြေ၊ ရေ၊ အပြည့်အစုံ ၆၈သိန်းကျော် ကုန်ကျရတွင် ကျွန်ုပ်က ၅၃သိန်းကျော် ထောက်ပံ့နိုင်ခဲ့သည်။ အပေါ်ယံကြည့်လျှင် ကိုလှမိုးတို့ မိသားစုကို အိမ်နှင့်ခြံလှူခြင်းဖြစ်သည်။ နက်နဲစွာကြည့်လျှင် ကိုလှမိုးသန္တာန်မှ သူတော်ကောင်းစိတ်ဓာတ်ကို ပူဇော်ခြင်းဖြစ်သည်။
အကယ်၍ ကိုလှမိုးနေရာတွင် ချမ်းသာသူတစ်ယောက်ယောက် ဖြစ်ပါက ယခုကဲ့သို့ စာတစ်စောင်ပေတစ်ဖွဲ့ ရေးမှာမဟုတ်သလို ထောက်ပံ့မည်လည်း မဟုတ်ပေ။ ကိုလှမိုး မကြခဏ ကယ်တင်ခဲ့သော မိန်းကလေးများကို မကယ်တင်ဘဲ ဖျက်ဆီးပြီး ရောင်းစားနေမည်ဆိုလျှင် ကိုလှမိုးတစ်ယောက် သူဌေးကြီးဖြစ်နေမှာ သေချာသည်။ ထိုသို့လုပ်လျှင် ရမှန်းလည်း ကိုလှမိုးသိသည်။ အများကြီးလုပ်စရာမလို မိန်းကလေးတစ်ယောက်ကို တစ်ဖက်နိုင်ငံပို့လိုက်သည်နှင့် ယခုလို ဗွက်တော်ထဲနေရသောဘဝမှ ချက်ချင်းလွတ်မြောက်သွားပေမည်။
မိမိမှာ အိမ်ပိုင်၊ မြေပိုင် မရှိလောက်အောင် ဆင်းရဲသော်လည်း ကြိတ်မှိတ်ခံသည်းခံပြီး ဘဝပျက်မည့် မိန်းကလေးများကို ကယ်ဆယ်နေခြင်းသည် တကယ့်သူတော်ကောင်းစိတ်ဖြစ်သည်။ ထိုသူတော်ကောင်းစိတ်ရှိသူတေါ ပေါများလာမှ လောတွင် ဓမ္မဝါဒထွန်းကားပြီး အဓမ္မဝါဒ ပျောက်ကွယ်သွားမည် ဖြစ်သည်။ သားမယားများကို တင့်တောင့်တင့်တယ် ထားချင်ရှာပေမည်။ ဝိသမလောဘကို ကိုယ်ကျင့်သီလဖြင့် မနည်း သတ်နေရခြင်းဖြစ်သည်။
သူ၏ ကိုယ်ကျင့်သီလကို ယခုကဲ့သို့ အသိအမှတ်ပြု အားပေးမည့်သူမရှိလျှင် တစ်ချိန်တွင် ဝိသမလောဘက ကိုယ်ကျင့်သီလကို ပြန်နိုင်သွားလျှင် လောကကြီးပို၍ ပျက်စီးပေတော့မည်။ ထို့ကြောင့် ကျွန်ုပ်တို့က ထောက်ပံ့ရခြင်းဖြစ်သည်။ ကိုလှမိုးကို ထောက်ပံ့ခြင်းဆိုသည်ထက် ကိုယ်ကျင့်သီလကို အားဖြည့်ပေးခြင်းဟု ဆိုလျှင် ပို၍မှန်မည်ထင်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သူရဲကောင်းဒဿနလေးကို အမှတ်ရသည်။
“သူရဲကောင်းဆိုတာ လုံးလုံးမကြောက်တာ မဟုတ်ပါဘူး။ ကြောက်စိတ်ရှိသော်လည်း အများအတွက် အကျိုးရှိရင် နောက်မဆုတ်ဘဲ ရှေ့တိုးလုပ်တာဟာ သူရဲကောင်းပါပဲ”
မှန်ပေသည်။ ကိုယ်ကျိုးစွန့်သော၊ အများအကျိုးကို သေသည်အထိ လုပ်သွားသော အဲလဘတ်ရွှိုက်ဇာ၊ မာသာထရီဇာ၊ ဟင်နရီဒူးနန့်၊ ဖွားဦးဇွန်း၊ ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)တို့သည် ပုထုဇဉ်များသာဖြစ်သည်။ တဏှာ၊ မာန၊ ဒိဋ္ဌိဟူသော ကိလေသာတရားဆိုးများ အပြည့်ရှိကြသည်။ ထိုသို့ရှိပါလျက် အများအကျိုးအတွက် ပေပြီး ရှေ့တိုးလုပ်ကြသောကြောင့် ပရဟိတ သူတော်စင်များအဖြစ် ကမ္ဘာက အသိအမှတ်ပြုရခြင်း ဖြစ်သည်။
မေတ္တာရှင်- ရွှေပြည်သာ
အမြင့်မြတ်ဆုံးနှင့် အယုတ်ညံ့ဆုံး
စာအုပ်မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...