Monday, August 1, 2016

တြိဂံတစ်ခု၏ အနားများ By မင်းသန်းထိုက် (ဒေးဒရဲ)

အနုရက္ခိတ

တြိဂံဟူသည် သုံးနားညီမှ လှပါသည်။ အနား တစ်ဖက်က တို၊ တစ်ဖက်က ရှည်၊ တစ်ဖက်က တွန့်လိမ်ကောက်ကွေးဆိုလျှင် လှလှပပတြိဂံတစ်ခုဖြစ်မလာနိုင်ပေ။
ပညာရေးကို တြိဂံနှင့် သင်္ကေတပြုကြသည်။ အခြေခံပညာ ကျောင်းတော်တော်များများ၏ အမှတ်တံဆိပ်တွင် တြိဂံပုံပါ သည်။ အမှတ်တံဆိပ်ထဲက တြိဂံ ၏ အနားတစ်ဖက်ချင်းစီက မိဘ၊ ဆရာ၊ ကျောင်းသားတို့ကို ကိုယ် စားပြုသည်။ ပုံထဲမှာတော့ သုံးနာ ညီတြိဂံလေးမို့ လှပသည်။ သေ သပ်သည်။ ကျက်သရေရှိသည်။ တြိဂံ၏ ထောင့်တစ်ဖက်က အ ထက်သို့ ချွန်တက်နေသည်မှာ မြန်မာ့ပညာရေး၏ မိုးသို့ရွယ်ထား တိမ်မှုန်စားမည့် နိမိတ်ပုံဖြစ်သည်။
သို့သော် တကယ့်လက်တွေ့နယ် ပယ်တွင် မိဘ၊ ဆရာ၊ ကျောင်း သားတို့ သုံးနားညီပါရဲ့လား။
တစ်ခါက အထကကျောင်း တစ်ကျောင်းမှ အထက်တန်းပြ ဆရာလေးတစ်ယောက်နှင့် ရန်ကုန်ခရီးကို အတူသွားခဲ့ရသည်။ ကျွန် တော်က စာအုပ်တိုက်တစ်ခုသို့ သွားခြင်း ဖြစ်သည်။ သူက စာအုပ်အရောင်းပွဲတော်တစ်ခုသို့သွား၍ သူ့ကျောင်း စာကြည့်တိုက် အ တွက် စာအုပ်များဝယ်ရန် ဖြစ် သည်။ လမ်းခရီးတစ်လျှောက် သင်ကြားရေးကိစ္စများ၊ ပညာရေးကိစ္စ များပြောကြရင်းက ကျောင်းစာ ကြည့်တိုက်များအကြောင်းဆီ ရောက်သွားသည်။ ထိုဆရာလေး ကစ၍ ပြောသည်။
‘‘ကလေးတွေ စာမဖတ်ဘူး သာ ပြောတာ။ ဆရာတွေ၊ မိဘ တွေကလည်း ကျောင်းစာကလွဲ ရင် အပြင်စာဖတ်တာအားမပေး ဘူးဆရာရဲ့။ ကျွန်တော်ဒီကျောင်း ကို စရောက်တော့ ကျောင်းစာ ကြည့်တိုက်က ဆိုင်းဘုတ်ပဲရှိ တာ။ အမြဲတံခါးပိတ်ထားတာ။ စာ ကြည့်တိုက်က အပတ်စဉ်ယူတဲ့ ဂျာနယ်တွေကလည်း ဆရာ၊ ဆရာမတွေ အိမ်မှာပဲ လှည့်နေပြီး တချို့ဂျာနယ်တွေ စာကြည့်တိုက်ကို တောင် ပြန်မရောက်တော့ဘူး။ ဒီနှစ်မှ ကျောင်းအုပ်ကြီးက ကျွန် တော့်ကို စာကြည့်တိုက်ကိုင်ဖို့ တာဝန်ပေးတော့ရှိတဲ့ စာအုပ်တွေ လည်း တိုက်ပိုင်အမှတ်တွေသွင်း၊ ကလေးတွေနဲ့ သင့်တော်မယ့်စာ အုပ်တွေလည်း ထပ်ဝယ်၊ ထပ်အ လှူခံပေါ့ဆရာ။ အများဆုံးက တော့ ပုံပြင်စာအုပ်တွေ၊ ရုပ်ပြစာ အုပ်တွေပေါ့ ဆရာ။ ဒါတွေနဲ့ပဲ သူတို့ကို စာကြည့်တိုက်ဆီရောက် လာအောင်၊ စာဖတ်ဝါသနာပါ လာအောင် လုပ်ရတာပေါ့ဆရာ။ အဲဒါငါးတန်းကနေ ကိုးတန်းအထိ ကျောင်းသားတွေကို တစ်နေ့တစ်တန်းငှားပေးတယ်ဆရာ။ ဆယ်တန်းကတော့ ကြိုက်တဲ့နေ့လာငှား၊ အဲသလိုလုပ်ထားတာ ဆရာ။ ကလေးတွေက ငှားဖတ်ကြတယ် ဆရာ။ ကျွန်တော်ဆို နေ့ခင်းကျောင်းလွှတ်ချိန်တောင် ထမင်း မစားရဘူးဆရာ။ အတန်းလွတ်တဲ့အချိန်တစ်ချိန်ချိန်မှာ စားထားရ တယ်။ အဲဒါတချို့ဆရာမတွေက ကျောင်းသားတွေလွယ်အိတ်ထဲ မှာ ကာတွန်းစာအုပ်တွေ့လို့ဆိုပြီး စာအုပ်ကို သိမ်းကြတယ်။ ကလေး တွေက ကျောင်းစာကြည့်တိုက်က ငှားတာလို့ ဆိုတော့ ကျွန်တော့်ကို ပြန်လာပေးပြီး နောက်ကလေး တွေကို ကာတွန်းစာအုပ်မငှားပါနဲ့ လို့ ပြောတယ် ဆရာ။ ကလေးတွေကိုလည်း ဘယ်ကပဲဖြစ်ဖြစ် ကာ တွန်းစာအုပ်ငှားမဖတ်ရဘူး။ နောင်လွယ်အိတ်ထဲမှာ ကာတွန်းစာအုပ်တွေ့ရင် ရိုက်မယ်လို့ ပြောတယ် ဆရာ။ ကျွန်တော်ဘယ်လိုလုပ်ရ မလဲ။ နဂိုက စာဖတ်ဝါသနာပါတဲ့ ကလေးတွေတောင် ကျောင်းက ဆရာမတွေနဲ့ တွေ့မှ ၀ါသနာပါ ပျောက်သွားလိမ့်မယ်နဲ့တူတယ် ဆရာ’’။
အထက်တန်းပြဆရာလေး က စကားတွေကို မာရသွန်ပြေး သလို မနားတမ်းတရစပ်ပြောချ လိုက်သည်။ ထိုဆရာလေးက တော့ ပြောပြီးဘယ်သို့ရှိမည်မသိ။ နားထောင်ရသူ ကျွန်တော့်မှာ တော့ မောတောကျပ်တပ်ကြီးဖြစ် ကျန်နေခဲ့သည်။ ထိုဆရာလေး ပြောသလိုပင် တချို့ဆရာ၊ ဆရာ မများက ကိုယ်တိုင်လည်း ပြဋ္ဌာန်း စာအုပ်ကလွဲလျှင် ဘာစာအုပ်မှ ဟုတ်တိပတ်တိမဖတ်၊ ကာတွန်း တို့၊ ရုပ်ပြတို့ ဖတ်လျှင် လူပျက်စီး သည်ဟူသည့် အတွေးအခေါ်၊ အယူအစွဲဟောင်းကြီးတွေ၏ နွံထဲ မှာ နစ်ကျွံနေဆဲ ဖြစ်သည်။ သူတို့ တစ်တွေအဟောင်းထဲ နွံနစ်နေ သည်က ကိစ္စမရှိ။ သူတို့မှာ အနာဂတ်မရှိတော့။ ပင်စင်နားနီးနေကြ ပြီ။ အနာဂတ်ရှိသည့် ကလေးတွေကိုပါ သူတို့နှင့်အတူ အဟောင်းနွံ ထဲဆွဲဆွဲချနေခြင်းက ပြဿနာဖြစ် သည်။ ကလေးများ၏ အနာဂတ် သည် နိုင်ငံ၏ အနာဂတ်နှင့် တိုက် ရိုက်အချိုးကျနေသည်။
ပြီးခဲ့သည့် ၂၀၁၆ ဇန်န၀ါရီ ၁၅၊ ၁၆၊ ၁၇ ရက်များက ကျင်းပ ခဲ့သည့် နိုဗယ်မြန်မာစာပေပွဲတော် သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သည့် အမှာစကားတွင် ‘‘စာသင်ကျောင်းတွေမှာလည်း ကျောင်းစာကြည့်တိုက်ဆိုတာ မရှိသ လောက်ဖြစ်နေပါပြီ။ စာပေလေ့ လာ ဖတ်ရှုချိန်ဆိုတာလည်း ကျောင်းစာသင်ချိန်တွေထဲမှာ မရှိ တော့ပါဘူး။ စာအုပ်စာပေတွေ လည်း ကျောင်းသားတွေရဲ့ ပတ် ၀န်းကျင်မှာမရှိတော့ပါဘူး။ ပညာ ရေးစနစ်ကလည်း အလွတ်ကျက် ဖြေရတဲ့ စနစ်ဖြစ်လေတော့ တ ခြားသော ကျောင်းပြင်ပအတွေး အခေါ်၊ အယူအဆနဲ့ ဆင်ခြင်နိုင် စွမ်းတွေကို ကန့်သတ်ထားပြီး စာ ပေဖတ်ရှုတာတွေကို ကန့်သတ် ထားသလို ဖြစ်နေပါတယ်’’ဟု ကျောင်းစာကြည့်တိုက်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြား သွားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ပင် ကျောင်းတော် တော်များများတွင် စာကြည့်တိုက် ဆိုတာ ဆိုင်းဘုတ်သာရှိပြီးသော့ ခတ်ထားသည်ကများသည်။ သက်ဆိုင်ရာစစ်ဆေးရေးများလာမှသာ တံခါးများခဏတစ်ဖြုတ်ပွင့်ရရှာ သည်။ ကျန်အချိန်များတွင် စာ ကြည့်တိုက်၏ သော့ခလောက်နှင့် သော့တံသည် အမြဲအိုးစားကွဲ လျက်ရှိ၏။ သည်တော့ ကျောင်း စာကြည့်တိုက်တစ်ခုရှင်သန်ဖွံ့ ဖြိုးလာဖို့ဆိုလျှင် ထိုကျောင်း၏ အကြီးအကဲဖြစ်သည့် ကျောင်း အုပ်ကြီးကိုယ်တိုင်က စိတ်ဝင်စား မှုရှိရပါမည်။ ပြီးလျှင် စာပေ၀ါသ နာပါ၍ စာကြည့်တိုက်လုပ်ငန်း များ၌ စိတ်ဝင်တစားရှိသော ဆရာတစ်ယောက် အနည်းဆုံးရှိရပါမည်။ ထိုဆရာက ကျောင်းစာ ကြည့်တိုက်မှူးအဖြစ် တာဝန်ယူ ပြီး ကျန်သောဆရာ၊ ဆရာမများ က စာကြည့်တိုက်မှူးဆရာကို ၀ိုင်းဝန်းကူညီကြရပါမည်။ မိမိအတန်းမှ ကျောင်းသား၊ ကျောင်းသူများ ကိုလည်း စာကြည့်တိုက်သို့သွား ၍ စာပေဖတ်ရှုလေ့လာကြရန် နှိုး ဆော်ပေးကြရပါမည်။
ယခုမူ ငယ်ရွယ်တက်ကြွ သော စာကြည့်တိုက်မှူးဆရာ လေးက ယခုနှစ်မှ အသက်ပြန်ဝင် လာသော သူတို့ကျောင်း၏ စာ ကြည့်တိုက်ကို လက်ရှိစာအုပ်တွေလည်း မပျောက်ပျက်ရအောင် အမျိုးအစားအလိုက် တိုက်ပိုင်အ မှတ်တွေအသစ်ပြန်သွင်း၊ ခင်မင် ရင်းနှီးရာ မိတ်ဆွေတွေဆီက စာ အုပ်တွေ အလှူခံ၊ စာကြည့်တိုက် ရန်ပုံငွေနှင့် စာအုပ်အသစ်တွေ ၀ယ်တန်ဝယ်ပြီး ကျောင်းသား တွေကို စာကြည့်တိုက်ဘက်ခြေ ဦးလှည့်ချင်လာအောင် ကြိုးစား လုပ်ဆောင်နေချိန်တွင် တချို့ သော ဆရာမများ၏ လုပ်ရပ်က အကူအညီမဖြစ်သည့်အပြင် အ နှောင့်အယှက်ဖြစ်နေသည်။
ပြီးခဲ့သည့် ၂၀၁၆ ဇူလိုင် ၂၁၊ ၂၂ ရက်နေ့များက ပြုလုပ်ခဲ့ သည့် အခြေခံပညာကဏ္ဍပညာ ရေးမြှင့်တင်မှုအကောင်အထည် ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ‘‘အခြေခံ ပညာခိုင်မာအောင်လုပ်ဖို့ အင်မ တန်အရေးကြီးတယ်ဆိုတာ ဘယ် သူမှ ငြင်းလို့မရဘူး။ ကျွန်မတို့ ကျောင်းတွေဟာ အားကိုးလေး စားတန်ဖိုးထားထိုက်အောင်ရှိရဲ့ လားဆိုတာ ပညာရေးနဲ့ ပတ်သက်လို့ပါဝင်တဲ့ ပုဂ္ဂိုလ်တွေအားလုံး စဉ်းစားရမယ့် ကိစ္စပါ’’ဟု ပြော ကြားသွားသည်။ ထို့အပြင် အခြေ ခံပညာဆရာ၊ ဆရာမများသည် ဘ၀တစ်သက်တာလုံးသင်ယူရ မည်ဖြစ်သောကြောင့် သင်ယူ သည့် စိတ်ဓာတ်မွေးမြူကြရန် လည်း ဆရာ၊ ဆရာမများကို တိုက်တွန်းခဲ့သည်။
ဆရာ၊ ဆရာမများ၏ တာ ၀န်သည် သင်ရိုးကုန်အောင်သင် ကြားပေးရုံ၊ မှတ်စုထုတ်ပေးရုံ မဟုတ်ဘဲ ကလေးများ၏ အနာ ဂတ်ဘ၀လှပသာယာလာအောင် တွေးခေါ်မြော်မြင်တတ်သော လူ့ အဖိုးတန်လေးများဖြစ်အောင် စိတ်ကိုပါသင်နိုင်ကြရပါမည်။ သည့်အတွက် ဆရာသည် မိမိ ကိုယ်တိုင် အဟောင်းနွံထဲမှ ရုန်း ထခဲ့ကြဖို့ လိုပါသည်။ မိမိကိုယ် ကိုယ်အမြဲဖြည့်ဆည်းလျက် တ ပည့်များ အားကိုးအားထားပြု ထိုက်သည့် ဆရာမွန်၊ ဆရာချွန်များဖြစ်အောင် ကြိုးစားနေရပါမည်။
ပညာရေးသည် တြိဂံတစ်ခု ဟု ဆိုပါလျှင် အခြေခံအနားသည် ကျောင်းသားဖြစ်ပါသည်။ ဘေး နှစ်ဖက်သည် မိဘ၊ ဆရာဟူသော အနားများဖြစ်ပါသည်။ အခြေခံ အနားက အလျားတိုနေသည့်တိုင် ကျန်အနားနှစ်ဖက်က အလျား ရှည်ကြပါလျှင် တြိဂံ၏ ထိပ်ချွန် ကလေးက မိုးသို့ ရည်စူးတိမ်ညွန့် ခူးနေပေလိမ့်မည်။
တြိဂံ၏ အနားသုံးဖက်တွင် ဆရာဟူသော အနားတစ်ဖက်က အရေးပါဆုံးဖြစ်။။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...