Monday, September 19, 2016

သား


ကြယ်တွေအများကြီးထဲမှာ
နာမည်မကြီးတဲ့ ကြယ်တွေရှိတယ်
အမေရိကန်သမ္မတတွေထဲလည်း
နာမည်မကြီးတဲ့ သမ္မတတွေရှိတယ်
ဘုရားတွေထဲလည်း
နာမည်မကြီးတဲ့
ဘုရားတွေရှိတယ်


မင်းကတော့
ငါ့ကောင်းကင်ထဲက
နာမည်ကြီး …ကြယ်..
ငါ့နိုင်ငံတော်က
နာမည်ကြီး သမ္မတ
ငါ့ဝတ်ကျောင်းတော်ပေါ်က
နာမည်ကြီး ဘုရားသခင်
မင်းခြေသံကြောင့်
ထိကရုံးလေးတပင်မျှပင်
နာကျဉ်စွာ အိပ်မောမကျစေချင်….
မင်းအယူဝါဒမှာ
ပုရွက်ဆိတ်လေးတကောင်ပင်လျှင်
အသက်မစတေးစေချင်…
မင်းတန်ခိုးအာနုဘော်မှာ
လူသားကို
လူရဲ့သားအဖြစ်နဲ့ပဲ
ဗျာဒိတ်ပေးစေချင် …
သစ်ကောင်းအိမ်
(၁၈။ ဧပရယ်လ်။ ၂၀၁၄)
(ဒီနေ့က သားမွေးနေတဲ့ …..လက်ဆောင်ပေးစရာဘဝထဲ ပိုက်စိတ်တိုက်လိုက်ရှာတော့
ကဗျာရေးခြင်းဟာ အလုပ်တခုဖြစ်တယ်ဆိုတာကိုနားမလည်နိုင်ရှာတဲ့ လောကဓံ ဝဲဖုလေးတွေကို
အယားပြေကုတ်မိရင်းကဗျာရေးတာ အလုပ်တခုလို့ယုံကြည်သူ ဒယ်ဒီမှ သားသို့ …)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...